ရုပ်ရှင် သရုပ်ဆောင် ဆောင်းယွန်းစံကတော့ ၂၀၁၈ ခုနှစ် အကယ်ဒမီရွှေကြိုမယ် အဖြစ် ပါဝင်အားဖြည့်ရင်း ပရိသတ်အားပေးမှုကို များစွာရရှိခဲ့သူပါ။ သူမဟာဆိုရင် Music Video တွေမှာလည်း ပါဝင်ရိုက်ကူးနေတာဖြစ်ပြီး အနုပညာလမ်းကြောင်းထက်မှာ နေရာတစ်ခုကို အခိုင်အမာရရှိထားသူပဲ ဖြစ်ပါတယ်။ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်မှုတွေရရှိထားတဲ့ သူမရဲ့ လှုပ်ရှားမှုတိုင်းကို ပရိသတ်တွေကလည်း တစ်ခဲနက်ကြည့်ရှုအားပေးကြတာကို တွေ့ရပါတယ်။
ဆောင်းယွန်းကလည်း သူမရဲ့ လှုပ်ရှားမှုတိုင်းကို လူမှုကွန်ယက် ဆိုရှယ်မီဒီယာထက်ကတစ်ဆင့် ဝေမျှလေ့ရှိတာဖြစ်ပြီး ယနေ့မှာလည်း ပိုစ့်တစ်ခုတင်ပေးလာခဲ့ပါတယ်။ ဒါကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ် ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်နေတာဖြစ်ပါတယ်။ လမ်းမပေါ်ထွက်ကာ ဝန်းရံနေတဲ့ ဆောင်းယွန်းက သူမရဲ့ ပုံလေးတွေကို တင်ပေးလာရင်း စာသားလေးတစ်ချို့ကိုလည်း ရေးသားလာခဲ့ပါတယ်။
ဒါကတော့ ဆောင်းယွန်းက " ဒေါ်အောင်ဆန်းစုကြည်ပုံကိုင်ပီး လမ်းပေါ်ထွက်ရလိမ့်မယ်လို့ အိမ်မက်တောင်မမက်ဖူးဘူး..မဲဆွယ်ပွဲတွေမှာလဲ မပါခဲ့ဘူးသလို အောင်နိုင်ရေးပွဲတွေမှာလဲ မပါခဲ့ဖူးဘူး..?ဒါပေမယ့် အခုတော့ လမ်းပေါ်ထွက်နေရပြီ ?အများကြီးမတောင်းဆိုပါဘူး..ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးပါ???အမှန်တရားနဲ့ တရားမျှတမှုကို ပြန်လိုချင်ပါတယ်.?ပြည်သူတွေရင်ထဲကအသံကို နားထောင်ပေးပါရှင့်? " ဆိုပြီး ရေးသားလာခဲ့တာပဲ ဖြစ်လို့ ပရိသတ်တွေထံ ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။
သတင်း အရင်းအမြစ်៖ Source - Saung Yoon San's Fb account