ပရိသတ်ကြီးရေ......အဆိုတော် နိုင်းဝမ်းကတော့ လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်ခဲ့တဲ့ အနုပညာရှင် တစ် လက်ပဲ ဖြစ်ပါတယ်။သီချင်းကောင်းလေးတွေကို သီဆိုလေ့ရှိတဲ့ နိုင်ဝမ်းကတော့ မကြာသေးခင်ချိန်တုန်းကပဲ သူအရမ်းချစ်ရတဲ့ ချစ်သူလေးနဲ့ ထိမ်းမြားလက်ထပ်ကာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်သည်ဘဝကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။နိုင်းဝမ်းတို့ ဇနီးမောင်နှံဟာ နားလည်မှုအပြည့်နဲ့ လက်တွဲတွေ ခိုင်မြဲကြတာကြောင့် မြင်သူတိုင်း အားကျကာ အချစ်ပိုနေကြတာ ပဲဖြစ်ပါတယ်။
လတ်တလောမှာတော့ အနုပညာအလုပ်တွေကို ခဏရပ်နားထားကာ ချစ်ဇနီးလေးနဲ့ အတူ ပြည်တွင်းခရီးစဥ်တွေကို သွားရောက် လည်ပတ်နေတာ ဖြစ်ပြီး အလှူအတန်း တွေမှာလည်း ရက်ရောတာ တွေ့ရပါတယ်နော်......။လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေမှာဆိုရင်လည်း နိုင်းဝမ်းတို့ ဇနီးမောင်နှံဟာ ပြည်သူတွေနဲ့ တစ်သားတည်း ပါဝင် လှုပ်ရှားကာ တတ်အား သရွေ့ လှူတန်းမှုတွေကို တတ်ညီလက်ညီ ပြုလုပ်နေကြတာ ပဲဖြစ်ပါတယ်။
မကြာသေးခင်အချိန်မှာတော့ သူရဲ့ လူမူကွန်ယက်စာမျက်နှာပေါ်တွင် "ကျွန်တော်တို့လင်မယားရဲ့ ပြည်ထောင်စုနေ့ အအေး၊ရေသန့်အလှူ?မနက်ဖန် ဗိုလ်ချုပ်မွေးနေ့မှာ ပဲပြုပ်နံပြားကျွေးပြီး၊ သူငယ်ချင်းတွေနဲ့နေ့လည်ပိုင်း ကြက်ဆီထမင်းနဲ့ အအေးတွေထပ်လှူပါအုံးမယ်?"ဆိုတဲ့ စာသားလေးနဲ့ အတူ ချစ်စရာပုံရိပ်လေးကို ပရိသတ်တွေ အတွက် ဖော်ပြပေးလာတာ ဖြစ်ပါတယ်။နိုင်းဝမ်းတို့ ဇနီးမောင်နှံ နှစ်ယောက်ရဲ့ အလှူလေးကို ကျေနပ်ပီတီ သာဓု ခေါ်နိုင်ရန်အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Kyaw Zin Latt FB Account