ပရိသတ်ကြီးရေ..... မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ အနုပညာလောကမှာ အချိန်အတိုတွင်း အောင်မြင်မှုတွေကိုသိမ်းပိုက်ထားနိုင်တဲ့သူလေးဖြစ်ပြီးတော့ Mrtv-4ရဲ့ချစ်စရာမင်းသမီးချောလေးတစ်ယောက်ဖြစ်ပါတယ်။ မေမြင့်မိုရ်ဟာ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်နဲ့ပက်သက်ပြီး ပြည်သူတွေနဲ့အတူတသားတည်းရပ်တည်ကာ လူထုလှုပ်ရှားမှုတွေကို တတ်နိုင်သရွေ့လုပ်ဆောင်နေတာကိုလည်းတွေ့ရပါတယ်။
လူထုလှုပ်ရှားမှုတွေဟာ ဒီနေ့မှာဆိုရင် (၇)ရက်မြောက်နေ့ကိုရောက်ရှိလာပြီဖြစ်ပြီးတော့ တစ်နေ့ပြီးတစ်နေ့အရှိန်အဟုန်ပြင်းပြင်းနဲ့ လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ ဒီနေ့မှာဆိုရင်လည်း မေမြင့်မိုရ်ဟာ သူမရဲ့မောင်လေးရှင်းမြတ်နဲ့အတူ မောင်နှမနှစ်ယောက် တက်ညီလက်ညီနဲ့ လှည်းတန်းကပြည်သူပရိသတ်တွေနဲ့ပူးပေါင်းကာ လူထုလှုပ်ရှားမှုတွေကို ပြုလုပ်နေတာကိုတွေ့ရပါတယ်နော်....။
အခုလိုတက်တက်ကြွကြွနဲ့ ပြည်သူနဲ့အတူပူးပေါင်းလုပ်ဆောင်နေတဲ့သူမရဲ့ ပုံရိပ်တွေကို မေမြင့်မိုရ်ဟာ Facebookစာမျက်နှာမှာ "We want justice ပြည်သူနဲ့အတူ We Need To Fight For Democracy...." ဆိုပြီးရေးသားကာ တင်ပေးလာခဲ့ပါတယ်။ ကဲ....ပြည်သူပရိသတ်တွေနဲ့အတူ ရဲရဲဝံ့ဝံ့ရပ်တည်နေတဲ့ မေမြင့်မိုရ်ရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
သတင်း အရင်းအမြစ်៖ May Myint Mo's Facebook acc