သရုပ်ဆောင် မင်းသားချောလေး ပိုင်တံခွန်ကတော့ မော်ဒယ်လောကမှတစ်ဆင့် အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့သူလည်း ဖြစ်ပါတယ်။ သူ့ကိုတော့ နိုင်ငံတကာက နှုတ်ခမ်းနီမလေးများကပါ တစ်ခဲနက် အားပေးချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့စိတ်ထားဖြူစင်တာလေးကိုလည်း အနုပညာသမားအချင်းချင်းကပါ ချီးကျူးဂုဏ်ယူနေကြတာလည်း ဖြစ်ပါတယ်။
ပိုင်တံခွန်ဟာ လတ်တလောမှာ ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေများမှာလည်း ရှေ့ဆုံးကနေ မားမားမတ်မတ် ရပ်တည်ကာ ဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။ တိကျမှန်ကန်တဲ့ သတင်းအချက်အလက်များကိုလည်း ပရိသတ်တွေ အချိန်နဲ့တစ်ပြေးညီ သိရှိရအောင် တင်ပေးနေတာလည်း ဖြစ်ပါတယ်။ တစ်နေ့ထက်တစ်နေ့ မတူညီတဲ့ပုံစံတွေနဲ့လုပ်ကာ နိုင်ငံတကာကလူတွေပိုမိုသတိထားမိနိုင်အောင် ကြိုးစားနေတာလည်း ဖြစ်ပါတယ်။
မကြာသေးခင် နာရီပိုင်းလောက်ကလည်း ပိုင်တံခွန်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ တရုတ်သံရုံးရှေ့တွင်သူတို့ရဲ့ရိုးရာဝတ်စုံဝတ်ဆင်ကာ ရင်ထဲကဆန္ဒအမှန်တရားတွေကိုထုတ်ဖော်ခဲ့တာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်နဲ့ သူငယ်ချင်းများက သံရုံးရှေ့တွင် အကင်များကင်စားကာ ပြည်ပနိုင်ငံများတွင် Trend ဖြစ်သွားအောင် လုပ်နေကြတာပဲ ဖြစ်ပြီး ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုဖိုင်လေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။
Source and Photo Ctd-Paing Takhon’s And Thandar Bo’s Facebook Account