မင်းသမီးချောလေး စမိုင်းလ်ကတော့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို ပိုင်ဆိုင်ထားပြီး အနုပညာအလုပ်တွေကို အနည်းအကျဉ်းလုပ်ဆောင်နေတဲ့သူတစ်ဦးဖြစ်ပါတယ်။ပြီးပြည့်စုံပြီး သာယာတဲ့မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေအားကျချစ်ခင်နေရတဲ့ ချစ်စရာမိသားစုလေးပါပဲ။
ဒါ့အပြင် စမိုင်းလ်တို့မိသားစုက အလှူအတန်းဆိုလည်း အရမ်းရက်ရောကြပြီး မကြာခဏလှူဒါန်းမှုတွေကို နေရာစုံ ပြုလုပ်ကြတာတွေ့ရပါတယ်။စီးပွားရေးမှာလည်း အဘက်ဘက်ကအောင်မြင်နေတာဖြစ်ပြီး အခုလည်း စမိုင်းလ်တို့ဇနီးမောင်နှံက နောက်ထပ်ခြေလှမ်းအသစ်တစ်ခုအဖြစ် “Smile Mart” ကို ဖွင့်လှစ်ထားတာလည်း ဖြစ်ပါတယ် ။
စမိုင်းလ်ကတော့ ခုလတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူနဲ့အတူ ပါဝင်ကာ လှုပ်ရှားမှုတွေပြုလုပ်နေသလို တက်နိုင်သလောက်လည်းအစားအသောက်တွေ လှူဒါန်းခဲ့တာဖြစ်ပါတယ်။ အခုလည်းနေပူထဲမှာ တက်ကြွစွာလှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတွေကို အစားအသောက်များကိုယ်တိုင်လိုက်ဝေနေတဲ့ ပုံလေးတွေကို ဝေမျှခဲ့ရာ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
Source & Photo Credit : Smile Facebook Page