ပြည်သူ့အချစ်တော် တစ်ဦးဖြစ်တဲ့ သရုပ်ဆောင်မင်းသမီးချောလေး ပိုင်ဖြိုးသု ကတော့ အနု ပညာလောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်နေတာ ဖြစ်ပြီး အကယ်ဒမီဆုကိုပါ ဆွတ်ခူးသိမ်းပိုက်ထားတဲ့ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ပရိသတ်တွေကချစ်စနိုးနဲ့ခေါ်ကြတဲ့ သုသုဟာ ဗီဒီယိုဇာတ်ကား ပေါင်းများစွာကို ရိုက်ကူးခဲ့တာ ဖြစ်ပြီး ရုပ်ရှင် ဇာတ်ကားကြီး တွေဟာဆိုရင်လည်း သူမရဲ့ သရုပ်ဆောင် ထူးချွန်မှုကြောင့် ပရိသတ်တွေရဲ့ ရင်ထဲမှာစွဲကျန်နေခဲ့တာ ပဲဖြစ်ပါတယ်နော်......။
သုသုဟာ မကြာသေးခင်က ဒါရိုက်တာ ဏကြီးနဲ့ ထိမ်းမြားလက်ထပ်ခဲ့တာ ဖြစ်ပြီး သာယာပျော်ရွှင်တဲ့ အိမ်ထောင်သည်ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနေထိုင်ရင်း သူမချစ်တဲ့ အနု ပညာ အလုပ်တွေကို အဆက်မပြတ် လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။လတ်တလောမှာတော့ သူမ လေးစား ချစ်ချင်ရတဲ့ ပြည်သူတွေနဲ့ အတူ ရည်မှန်းထားတဲ့ ပန်းတိုင်ဆီကို စိတ်တူကိုယ်တူ အားတတ်သရော ပါဝင် လုပ်ဆောင်နေတာလည်း တွေ့ရပါတယ်နော်.......။
သူမရဲ့လူမူကွန်ယက်စာမျက်နှာထက်တွင် "CDM မှာပါဝင်မယ်ပြည်သူ့ဝန်ထမ်းတွေဘက်မှာပြည်သူတွေရှိနေမှာပါ....
အားလုံး နိုင်သလောက်ဝိုင်းကူကြပါမယ်....ဒါအခုလောလောဆယ် သုသုတို့လှူလို့ရတဲ့ 21 Savage MM pageရဲ့ link ပါ...နောက်ထပ်သုသုတို့ကိုလာပြောထားတာလည်း၃နေရာရှိပါတယ်....Informationအတိအကျပေးလို့ရတဲ့အချိန်ကျရင်လှူချင်နေသူအားလုံးဝိုင်းဝန်းလို့ရအောင်လက်တို့ပါမယ်....
https://www.facebook.com/21savagemm/"ဆိုပြီး လှူချင်သူများ ပါဝင်နိုင်အောင် ဝေမျှပေးလာတာ ဖြစ်ပါတယ်။ချစ်ပရိသတ်တွေကလည်း သုသု ဝေမျှထားတာလေးကို ကြိုက်နှစ်သက် လိမ့်မယ်လို့ မျှော်လင့်ရင်း ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Paing Phyoe Thu FB Page