ပရိသတ်ကြီးတို့ရေ...... အနုပညာချစ်သူ များအနေနဲ့ ဝါရင့်သရုပ်ဆောင် တစ်ဦး ဖြစ်တဲ့ သိဂ်ီထွန်းကိုတော့ အားလုံးသိကြမယ် ထင်ပါတယ်။ဗီဒီယိုခေတ်ကတည်းက ဘယ်ဇာတ်ရုပ်လာလာ ပီပြင်ပြောင်မြောက်လှတဲ့ သရုပ်ဆောင်စွမ်းရည်တွေ ကြောင့် ပရိသတ်တွေ အားပေးထောက်ခံမှုကို ရရှိခဲတာပဲ ဖြစ်ပါတယ်။ဇာတ်ရုပ်တိုင်းလိုလို အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်နိုင်ပြီး အနုပညာစွမ်းရည်တွေနဲ့ အတူ သူမရဲ့ ကြိုးစားမှုတွေကြောင့် နေရာတစ်ခုထိ ရောက်ရှိအောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။
လတ်တလောမှာလည်း အလှူအတန်းတွေ လုပ်နေပြီး သူမရဲ့ တစ်နေ့တာ လှုပ်ရှားမှုလေးတွေကို ချပြကာ ပရိသတ်တွေနဲ့ အဆက်အသွယ်မပျက်ရှိနေတာပဲ ဖြစ်ပါတယ်။ ဆယ်စုနှစ် တစ်စုကြာ အောင်မြင်ခဲ့တဲ့ သိဂ်ီထွန်းဟာ လက်ရှိအချိန်မှာလည်း အနုပညာ အလုပ်တွေ ကို ဆက်လက် လုပ်ဆောင်နေပြီး အနုပညာ အလုပ်တွေနဲ့ အဆက်အသွယ် မပျက်ရှိကာ ယနေ့ချိန်ထိ အောင်မြင်ကျော်ကြား နေတာပဲ ဖြစ်ပါတယ်။ ယခုအခါမှာတော့ သူမ အချိန်အတော်ကြာ မြတ်နိုးလို့ သိမ်းထားတဲ့ ဆိုင်ကယ်လေး ရောင်းထွက်ခဲ့တာနဲ့ ပတ်သတ်ပြီး ပြောပြလာတာပဲ ဖြစ်ပါတယ်။
ဒီတစ်ခါမှာတော့ အမိုက်စား ဆိုင်ကယ်ကြီးနဲ့ အတူ စတိုင်စမက်ကျကာ မိမိုက်နေတဲ့ ပုံလေးတွေကို "သံယောဇဉ်တစ်ခုပြတ်ခဲ့ပြီ.
မစီးဖြစ်တော့ပေမဲ့လဲထိန်းသိမ်းနေရတာကအနှောင်အဖွဲ့ကြီးတစ်ခုဖြစ်လို့.
နောက်ထပ်ဓာတ်ပုံအမှတ်တရအနေနဲ့တောင်မရိုက်ဖြစ်ခဲ့ဘူး.ငါ၏နှလုံးသားနုလိုက်ရင့်လိုက်နဲ့
ပြတ်မှပြတ်တော့လဲတိကနဲပါဘဲလား.
Sold Out....." ဆိုတဲ့ ခေါင်းစဥ်လေးတပ်ပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာဖော်ပြလာတာကို ပရိသတ်တွေ အတွက် ပြန်လည် မျှဝေပေးလိုက်တာပဲ ဖြစ်ပါတယ်နော်......။
သတင်း အရင်းအမြစ်៖ Theigi Htun's FB account