ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိထားတဲ့ အနုပညာရှင်သားသမီးတွေထဲမှာ အဆိုတော်သရုပ်ဆောင် စန္ဒီမြင့်လွင် ရဲ့ သမီးလေး ထရက်ရှာလေးပါ အပါအဝင်ပဲဖြစ်ပါတယ်။ ထရက်ရှာလေးက စန္ဒီမြင့်လွင် ရဲ့ တစ်ဦးတည်သော သမီးလေးဖြစ်တာကြောင့် ဖေဖေမေမေတို့အပြင် ပရိသတ်တွေကပါ ချစ်အားပိုနေရတာဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာဆိုရင်လည်း သမီးလေး ထရက်ရှာ က ကြော်ငြာလေးတွေနဲ့ photo shooting လေးတွေ စတင်ရိုက်ကူးနေရတာကိုလည်း တွေ့ရပါတယ်။
ဒါ့အပြင် ထရက်ရှာက တစ်နေ့တခြား ဆိုသလို ဝဝကစ်ကစ် ပါးဖောင်းဖောင်းလေးနဲ့ မေမေ စန္ဒီမြင့်လွင် နဲ့ ရုပ်ချင်းဆင်ပြီး ပိုပြီး ချစ်စရာကောင်းလာခဲ့ပါတယ်။ မေမေစန္ဒီမြင့်လွင် ကတော့ ပရိသတ်တွေ ချစ်အားပိုအောင် ထရက်ရှာလေးရဲ့ လှုပ်ရှားမှုလေးတွေကို ဖော်ပြပေးတာ တွေ့ရပါတယ်။ ယခုမှာလည်း မေမေစန္ဒီမြင့်လွင် က ပရိသတ်တွေ အသည်းယားလောက်မယ့် ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။
ဒီပုံလေးတွေကတော့ ထရက်ရှာလေးက မနက်စောစော အိပ်ယာထတဲ့အချိန်မှာ သူမကိုမှီပြီးကပ်ချွဲနေတာကို ချစ်မဝဖြစ်နေတာ ဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း စန္ဒီမြင့်လွင် က " မောနင်း နိုးကြပီလားရှင့် ထရက်ရှာလည်းနိုးပြီရှင့်.....ထရက်ရှာနိုးရင် အဲ့လိုပဲမေမေ့ကိုကပ်ချွဲလေးလုပ်တယ်ရှင့်..ကိုကိုမောင်မောင်ညီမလေးမမတို့ ချွဲနေတဲ့ပုံလေးတွေရှိရင်လည်း ပုံလေးတွေမန့်ပေးပါဦး ချစ်စရာလေးတွေကြည့်ချင်ရို့" ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ...ပရိသတ်ကြီးရေ ကပ်ချွဲပြီး အချစ်ပိုနေတဲ့ စန္ဒီမြင့်လွင်တို့ သားအမိနှစ်ယောက်ရဲ့ချစ်စရာပုံလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Source - Sandy Myint Lwin fb page