ဗီဒီယိုဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ရာမှတစ်ဆင့် ပရိသတ်တွေရဲ့ လက်ခံအားပေးမှုတွေများစွာ ရရှိခဲ့သူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ရွှေပိုးအိမ်ပဲ ဖြစ်ပါတယ်။ သူမဟာ gym လည်းပုံမှန်ဆော့သူဖြစ်လို့ ကျစ်လစ်သွယ်လျတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတာကြောင့် ပုရိသတွေရဲ့ တစ်ခဲနက် ဝန်းရံအားပေးမှုတွေကို သိမ်းပိုက်ရရှိထားတာလည်း ဖြစ်ပါတယ်။
အနုပညာအလုပ်တွေဆက်တိုက် လုပ်နေသလို ပရဟိတ လုပ်ငန်းတွေမှာလည်း ကိုယ်တိုင်ပါဝင်ကူညီလုပ်ဆောင်နေတာလည်းတွေ့ရပါတယ်။လတ်တလောမှာတော့ သူမရဲ့ အလှတရားတွေပေါ်လွင်အောင် အသည်းယားစရာ ဟန်ပန်အမူအရာလေးတွေပေးကာ ရိုက်ထားတဲ့ gym ကအမိုက်စားပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေတိုင်းမှာရွှေပိုးတစ်ယောက် အရမ်းမိမိုက်လွန်းတာကြောင့် ပရိသတ်တွေ အချစ်ပိုစေမှာ အမှန်ပဲဖြစ်ပါတယ်။
အရမ်းချစ်စရာကောင်းတဲ့ ရွှေပိုးကတော့ ဗီဒီယိုဇာတ်ကားများတွင် ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ပြီး ချစ်စရာဟန်ပန်အမူအရာလေးတွေကြောင့် ပရိသတ်တွေအချစ်ပိုနေရတာဖြစ်ပါတယ်။ချစ်ပရိသတ်တွေအတွက် ရွှေပိုးရဲ့ ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။ရွှေပိုးလည်း ဒီထက်မကအောင်မြင်မှုတွေရရှိပါစေ ဆုတောင်းပေးလိုက်ပါတယ်။
Source & Photo Credit : Shwe Poe Eain Instagram Account