ပြည်သူတွေရဲ့ အချစ်တွေကို သိမ်းပိုက်ရရှိထားတဲ့ အကယ်ဒမီ သရုပ်ဆောင် မင်းသမီးချောလေး ဖွေးဖွေးကတော့ အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲ အောင်မြင် နေတာ ဖြစ်ပြီး သူမရဲ့ အပြုအမူတိုင်းက ချစ်စရာကောင်းနေသူလေး ဖြစ်ပါတယ်။ ဖွေးဖွေးကတော့ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ အကောင်းဆုံး သရုပ်ဆောင် နိုင်တဲ့ သူလေးဖြစ်ကာ မြန်မာပြည်မှာ သာမက ပြည်ပနိုင်ငံတွေကပါ ချီးမြှင့်တဲ့ ထူးချွန် ဆုတွေကို ရရှိထားတဲ့ အနုပညာရှင် တစ်လက်ပဲ ဖြစ်ပါတယ်။
ပရိသတ်တွေက ချစ်စနိုးခေါ်ကြတဲ့ ဖွေးစိန်လေးဟာ ချစ်စရာကောင်းတဲ့ အပြင် လှပကျော့ရှင်းပြီး ဆွဲဆောင်မှု ရှိတဲ့ သူလေး ဖြစ်တဲ့ အပြင် အခြားသူနဲ့ မတူပဲ ဖက်ရှင်ကျကျ ဝတ်ဆင်တတ်တာကြောင့် ယောကျာ်းလေး ပရိသတ်တွေ သာမက မိန်းကလေး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ မင်းသမီးချောလေး ဖြစ်ပါတယ်။လတ်တလောမှာတော့ အနုပညာ အလုပ်တွေကို ဆက်လက် လုပ်ကိုင်နေတာ ဖြစ်ပြီး ကြော်ငြာတွေနဲ့ ဖိတ်ကြာခံရတဲ့ ပွဲ အခမ်းအနားတွေကို တတ်ရောက်နေတာ ဖြစ်ပါတယ်နော်……..။
ဖွေးစိန်လေးကတော့ ဘာသာရေး ကိုင်းရှိုင်းသူလေး ဖြစ်တဲ့ အပြင် အလှူအဒါန်း တွေမှာလည်း လက်မနှေးပဲ ရက်ရောတာလေး လည်း တွေ့ရပါတယ်နော်…….။ အခုတစ်ခါ မှာဆိုရင်လည်း နှစ်သစ်အစလေးမှာပဲ (မာမီကွတ်)ခိုကိုးရာမဲ့ ကိုယ်ဝန် ဆောင်များနဲ့ မွေးကင်းစ ကလေးငယ်များ ကူညီစောင့်ရှောက်ရေး ဖောင် တေးရှင်း ကို အလှူငွေ ကိုးသိန်းကျပ်ကို လှူဒါန်းလိုက် တာလေးကို ပရိသတ်တွေ သာဓုခေါ်နိုင် အောင် မျှဝေပေးလာတာ ဖြစ်ပါတယ်။ချစ်ပရိသတ်တွေကလည်း ဖွေးဖွေးရဲ့ အလှူ လေးကို ကြည်နူးပီတိ ဖြစ်နိုင်ဖို့အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Phway Phway My Day