မြန်မာတစ်နိုင်ငံလုံးရဲ့ ချစ်ခင်အားပေးမှုတွေကို သိမ်းပိုက်ရရှိထားသူကတော့ သရုပ်ဆောင် မင်းသားချောလေး ပိုင်တံခွန်ပဲ ဖြစ်ပါတယ်။ သူဟာ မော်ဒယ်လောကမှတစ်ဆင့် သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာခဲ့တာလည်း ဖြစ်ပါတယ်။ အနုပညာမျိုးရိုးမရှိဘဲ ကိုယ့်ဒူးကိုယ်ချွန်ကာ ကြိုးစားအားထုတ်ခဲ့တာကြောင့် အခုလိုမျိုး တိုင်းသိပြည်သိ အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်နေတာလည်း ဖြစ်ပါတယ်။
ပိုင်တံခွန်ရဲ့ အောင်မြင်ကျော်ကြားမှုတွေကတော့ မြန်မာနိုင်ငံတွင်သာမကဘဲ အခြားနိုင်ငံများအထိပါ နာမည်ဂုဏ်သတင်း မွှေးပျံ့နေတာလည်း ဖြစ်ပါတယ်။ ဒီလိုနာမည်ကြီးထင်ရှားနေပေမယ့်လည်း မာန်မာနမရှိဘဲ ရိုးရိုးအေးအေးလေးသာ နေထိုင်တာကြောင့်လည်း ပရိသတ်တွေက ချစ်မဝဖြစ်နေတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့လှုပ်ရှားမှုတွေတိုင်းကိုလည်း ပရိသတ်တွေ သိရှိနိုင်အောင် အမြဲလိုလို တင်ပေးနေတာလည်း ဖြစ်ပါတယ်။
မကြာသေးခင် နာရီပိုင်းလောက်ကလည်း ပိုင်တံခွန်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ပြည်ပနိုင်ငံကနေသူကိုယ်တိုင်တင်သွင်းရောင်းချနေတဲ့ မုန့်လေးရဲ့စားပုံစားနည်းလေးအားသေချာလေးရှင်းပြနေတဲ့ ပိုင်တံခွန်ရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ သူကလည်း " Ice-Cream Sandwich စားတဲ့ချိန် ပြဲပြဲလေး မဖြစ်အောင်လို့ " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- Paing Takhon’s Facebook Page