အနုပညာလောကထဲကို ခြေစုံပစ်ဝင်ရောက်လာခဲ့တဲ့ ရွှေသမီးက ရိုးသားကြိုးစားတာကြောင့် အချိန်ခဏလေးအတွင်း ထင်မှတ်မထားလောက်တဲ့ အောင်မြင်မှုတွေကို ရရှိထားတာ ပရိသတ်တွေအသိပဲဖြစ်ပါတယ်။ ရွှေသမီးရဲ့ သရုပ်ဆောင် ကောင်းမှုတွေကြောင့် ဗီဒီယို ဇာတ်ကားတွေသာမကပဲ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါ ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။
ရွှေသမီးက ယခုလက်ရှိမှာလည်း အနုပညာလှုပ်ရှားမှုတွေကို အဆက်မပြတ်လုပ်ကိုင်နေတာဖြစ်ပြီး ပရိသတ်တွေထံ အမြဲချပြလေ့ရှိတာဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှု အားလပ်ချိန်တွေမှာ Tiktok ဆော့ကစားလေ့ရှိတဲ့ ရွှေသမီးရဲ့ ဗီဒီယိုလေးတွေက အသည်းယားစရာကောင်းတာကြောင့် ပရိသတ်တွေကို အချစ်ပိုစေတာပါ။ ဒါ့အပြင် ရုပ်ပြောင်ဟာသလေးတွေကိုလည်း ရွှေသမီးတစ်ယောက် တစ်ခါတရံမှာ ပြုလုပ်လေ့ရှိတာ ဖြစ်ပါတယ်။
မကြာသေးတဲ့ နာရီပိုင်းအချိန်ကလည်း ရွှေသမီးက သူမရဲ့ Facebook Mydayမှာ ဗီဒီယိုလေးတစ်ခု ဝေမျှလာခဲ့ပါတယ်။ ဒါကတော့ ပီကေမှုတ်ဖို့ ဟန်ပြင်ရင်း ပါးစပ်ပါ ရွဲ့သွားခဲ့တဲ့ သူမရဲ့ အဖြစ်ကို ရယ်ချင်နေတဲ့ ဗီဒီယိုလေးပါ။ ကြည့်မိသူတွေလည်း ရယ်မောစေလောက်တဲ့ ရွှေသမီးရဲ့ ချစ်စရာ ဗီဒီယိုလေးကို ပရိသတ်တွေထံ ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ အဆိုပါ ဗီဒီယိုလေးကို ကြည့်ရှုပြီး ပရိသတ်တွေကလည်းရွှေသမီးလို အဖြစ်မျိုးကြုံဖူးလားဆိုတာကို ကောမန့်မှာ ရေးသားပေးခဲ့ပါအုန်းနော်... ။
သတင်း အရင်းအမြစ်៖ Source - Shwe Thamee's FB page