မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ စိုးပြည့်သဇင်ကတော့ အောင်မြင်လျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားတွေများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားတဲ့ စိုးပြည့်လေးကတော့ ပရိသတ်တွေရဲ့ အချစ်ကိုရယူထားနိုင်ခဲ့ပြီး အကယ်ဒမီဆုကိုလည်း ဆွတ်ခူးထားနိုင်သူဖြစ်ပါတယ်။ စိုးပြည့်သဇင်ကတော့ညီအစ်မတွေဖြစ်ကြတဲ့ စိုးမြတ်သူဇာ၊စိုးမြတ်နန္ဒာ ၊စန္ဒီမြင့်လွင်တို့နဲ့အတူ မင်းသမီးပိုးထည်တိုက်ကို အတူဖွင့်လှစ်ထားခဲ့တာပဲဖြစ်ပါတယ်။
စိုးပြည့်သဇင်နဲ့စန္ဒီမြင့်လွင်တို့ကတော့ ညီအစ်မတွေဖြစ်ပြီး ဇာတ်ကားတွေများစွာကိုလည်း အတူတကွဲရိုက်ကူးခဲ့တဲ့ အနုပညာရှင်တွေပဲဖြစ်ပါတယ်။ စိုးပြည့်ရဲ့ တူမလေးဖြစ်တဲ့ Treasureလေးဟာ အရမ်းချစ်စရာကောင်းနေသလို စကားလည်းအရမ်းတက်တာကြောင့် ပရိသတ်တွေအချစ်ပိုရတဲ့ ကလေးငယ်လေးတစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့ ယခုမှာ သူပြောတဲ့အတိုင်းတစ်လုံးမကျန်အကုန်လိုက်ပြောတတ်နေပြီး အာဘွားတွေပေးနေတဲ့ ချစ်တူမလေးTreasureလေးကိုကြည့်ကာ အသည်းတွေယားနေခဲ့ပါတယ်။
သူမကတော့ " တီတီဇင်..ချစ်တယ်နော်..နော်...ချစ်လိုက်တာသမီးလေး " ဆိုပြီး အရမ်းချစ်စရာကောင်းလွန်းတဲ့ ဗီဒီယိုဖိုင်လေးနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ အူတွေအသည်းတွေယားလောက်အောင် ချစ်စရာကောင်းလွန်းနေပြီး တီတီစိုးပြည့်ပြောတဲ့အတိုင်း လိုက်ပြောနေတဲ့ Treasureလေးရဲ့ ဗီဒီယိုဖိုင်လေးဟာ ကြည့်မိသူပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက်မင်းသမီးချောစိုးပြည့်တို့တူဝရီး၂ယောက်ရဲ့ ချစ်စဖွယ်ဗီဒီယိုဖိုင်လေးကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
Source:soe pyae thazin 's facebook acc