ပြည်သူအချစ်တော် တစ်ယောက် ဖြစ်တဲ့ ဝါရင့်အနုပညာရှင်တွေထဲမှာ အခုချိန်ထိ ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေး ထောက်ခံမှုကို ရယူထားနိုင်တဲ့ သရုပ်ဆောင် ရန်အောင်ပဲ ဖြစ်ပါတယ်။ရန်အောင်ကတော့ အနုပညာ လောကမှာ ရာစုနှစ် ကျော်အောင် ရပ်တည်နေခဲ့တာ ဖြစ်ပြီး ယခုအချိန်ထိ အနုပညာအလုပ်တွေကို အဆက်မပြတ် ကြိုးစားနေတဲ့ အနုပညာရှင် တစ်လက်လည်း ဖြစ်ပါတယ်။
သူကတော့ အရင်တည်းက ယောကျာ်းပီသတဲ့ ရုပ်ရည် ရှိပြီး အခုချိန်ထိလည်း နုပျိုလန်းဆန်းကာ ခန့်ချောကြီး ဖြစ်နေတုန်း ပဲဖြစ်ပါတယ်နော်……။ရန်အောာင်ဟာ မွေးမိခင်ကိုလည်း ကျွေးမွေးစောင့်ရှောက်နေတဲ့ သားလိမ္မာလေး ဖြစ်ကာ အမေပေါ်သိတတ်တဲ့ သားလေး ဖြစ်တာကြောင့် ပရိသတ်တွေက အချစ်ပိုနေရတာ ဖြစ်ပါတယ်။Covid ဖြစ်နေတဲ့ အချိန်မှာ ရိုက်ကူးရေးတွေ ခဏနားထားပေမယ့်လည်း Live Sale တွေ အများအပြားကို လုပ်ကိုင်နေတာဖြစ်တာကြောင့် ပရိသတ်တွေနဲ့လည်း အဆက်သွယ်မပြတ်ရှိနေတာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ သူရဲ့ လူမူကွန်ယက် စာမျက်နှာထက်တွင် “ချစ်သူ ခင်သူ မြတ်နိုးသူများရေ... သတိရနေပါတယ်ဗျာ..လွမ်းလည်းလွမ်းပါ့..ရိုက်ကူးရေးလေး တခုရှိနေလို့ပါနော်.. အရင်လိုတဝုန်းဝုန်းရိုက်မရတော့ နည်းနည်းနဲ့ ကြဲကြဲ
ဖြည်းဖြည်းချင်း အလုပ်စလုပ်နေပြီလို့ အဲ့ဒါပြောပြတာ..”ဆိုတဲ့ စာသားနဲ့အတူ ခပ်မိုက်မိုက် ပုံရိပ်လေးတွေကို မျှဝေပေးလာတာ ဖြစ်ပါတယ်။ ကဲ…… ချစ်ပရိ သတ်ကြီးကလည်း ရန်အောင်ကို ထပ်ပြီး အားပေးနိုင်ဖို့ အတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Yan Aung FB Account