ကျစ်လျစ်တောင့်တင်းတဲ့ Body ပေါ်မှာ အမိုက်စားတတ်တူးတွေ ဆေးခြယ်ထားတဲ့ကိုလူချောလေးတစ်ယောက်လို့ဆိုလိုက်တာနဲ့ မင်းသားချောလေး တိုင်ရွန်ကိုပြေးမြင်မိကြမယ်ထင်ပါတယ်။ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲဖြစ်တဲ့ တိုင်ရွန်ကတော့ မော်ဒယ်၊သရုပ်ဆောင်တစ်ဦးအဖြစ် အနုပညာအလုပ်တွေကို လုပ်ကိုင်နေသူလေးဖြစ်ပါတယ်။ တိုင်ရွန်က ယောက်ျားပီသပြီး ဆွဲဆောင်မှုရှိတဲ့ Six Packs တွေနဲ့ ပျိုပျိုမေလေးတွေကို ဖမ်းစားနိုင်စွမ်းရှိတာဖြစ်ပါတယ်။
တတ်တူးအမိုက်စားနဲ့ အမြဲဖက်ရှင်ကျနေတတ်တာလေးကတော့ တိုင်ရွန်ရဲ့ ဆွဲဆောင်မှုအရှိဆုံး အချက်တစ်ချက်ပဲဖြစ်ပါတယ်။တက်တူးအပြည့်နဲ့ ဆွဲဆောင်မှုရှိလွန်းတဲ့ body အမိုက်စားကလည်း ပျိုမေတွေရဲ့ အသည်းကျော်အဖြစ် အဓိကနာမည်ကြီးအောင်မြင်နေသူ ပါ။တိုင်ရွန်က ဆိုင်ကယ်စီးရတာဝါသနာပါသူတစ်ယောက်လည်းဖြစ်တာကြောင့်အားလပ်ချိန်တွေဆိုခရီးတွေထွက်ကာ ဆိုင်ကယ်စီးတတ်လေ့ရှိပါတယ်နော်။
ခုဆိုရင် ရိုက်ကူးရေးတွေပြန်လည်လုပ်ကိုင်နေပြီဖြစ်ရာ နေ့တိုင်းလိုလိုမအားလပ်ရအောင်ကို အလုပ်တွေရှုပ်နေပေမယ့်လည်း ချစ်ရတဲ့ ပရိသတ်တွေကိုတော့ သူရဲ့လှုပ်ရှားမှုပုံလေးတွေကို မျှဝေပေးလေ့ရှိပါတယ်။ အခုလည်း ညီနန္ဒတို့နဲ့အတူ သမီးဆိုးဆိုတဲ့ ဇာတ်လမ်းတွဲလေးကိုရိုက်ကူးနေတာဖြစ်ပြီး ရိုက်ကွင်း ပျော်ရွှင်စရာဗီဒီယိုလေးကို မိုင်ဒေးလေးမှာဝေမျှထားရာ ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။