ဇာတ်မင်းသား စွမ်းဇာနည်ကတော့ လက်ရှိမှာ စိတ်ထဲအလိုမကျဖြစ်နေကြောင်း လူမှုကွန်ယက် စာမျက်နှာထက်မှာ ရေးသားလာခဲ့ပါတယ်။ အနုပညာလောကနဲ့ အလှမ်းဝေးကွာသွားခဲ့တဲ့ စွမ်းဇာနည်က မကြာသေးတဲ့အချိန်ကမှ ပြန်လည်ဝင်ရောက်လာခဲ့သူပါ။ ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ် အားပေးဝန်းရံမှုကို ရရှိထားတဲ့ စွမ်းတစ်ယောက် အမြဲကြည့်ကောင်းပြီး ယောကျာ်းပီသနေခဲ့တာပါ။
ဇာတ်မင်းသားအဖြစ်နဲ့ သာမကပဲ သရုပ်ဆောင် မင်းသားတစ်ယောက်အနေနဲ့ အနုပညာလောကမှာ အောင်မြင်မှုတွေရရှိထားတဲ့ စွမ်းက အနုပညာရှင်အချင်းချင်းကပါ အားကျအချစ်ပိုနေတာကိုလည်း တွေ့ရပါတယ်။ စွမ်းက ပွင့်ပွင့်လင်းလင်း နေထိုင်တတ်သူဖြစ်ပြီး စကားပြောရာမှာလည်း ဖော်ဖော်ရွေရွေ နဲ့ အရှိကိုအရှိတိုင်း ဖွင့်ဟပြောဆိုတတ်သူပီပီ ယနေ့မှာလည်း သူခံစားနေရတဲ့ စိတ်ခံစားချက်လေးကို လူမှုကွန်ယက်ထက်မှာ ရေးသားလာခဲ့ပါတယ်။
ဒါကတော့ စွမ်းက " နေရတာအဆင်မပြေဘူး စိတ်ထဲအလိုတော့ မကျတော့ဘူး အဆင်ပြေအောင်တော့ နေနေတာပဲ ဘာတွေဆက်ဖြစ်မလဲမသိ အဆင်ပြေဖို့ပဲ ဆုတောင်းပါတယ် စိတ်ထဲမှာအလုပ်ပဲထားတော့လဲ အာရုံတော့နောက်တယ် " ဆိုပြီး ရေးသားလာခဲ့တာပါ။ စိတ်ထဲ ခံစားနေရတဲ့ အကြောင်းအရာလေးကို ဖွင့်ဟ ရင်ဖွင့်လာတဲ့ စွမ်းရဲ့ ပုံလေးတွေကို ချစ်ပရိသတ်တွေ ကြည့်ရှု့စေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.....။
သတင်း အရင်းအမြစ်៖ Source - Swan Zarni's Facebook Account