ပရိသတ်ကြီးရေ.....မင်းသမီးချော နန္ဒာလှိုင်ရဲ့ မောင်လေးဖြစ်တဲ့ ဒေါက်တာစိန်ဖြိုးလှိုင်ကို ပရိသတ်တွေလည်းသိကြမယ်ထင်ပါတယ်နော်။ သူဟာ တစ်ချိန်က 'မောင်' ဆိုတဲ့နာမည်နဲ့ သရုပ်ဆောင်မင်းသားတစ်ယောက်လည်းဖြစ်ပါတယ်နော်။ အခုချိန်မှာဆိုရင်တော့ ဒေါက်တာစိန်ဖြိုးလှိုင်ဟာ အနုပညာအလုပ်တွေကို ရပ်နားလိုက်ပြီဖြစ်ပြီး ဆရာ၀န်တစ်ယောက်အနေနဲ့ ရပ်တည်နေတာဖြစ်ပါတယ်....။
စိန်ဖြိုးဟာ အခုလက်ရှိမှာဆိုရင်လည်း ရီရီပွင့်ဖြူနဲ့အတူ အများအားကျကြည်နူးစရာကောင်းတဲ့ relationshipတစ်ခုကိုတည်ထောင်ထားတာဖြစ်ပြီး စိတ်တူကိုယ်တူနဲ့အတွဲညီလွန်းလို့ ပရိသတ်တွေရဲ့ သဘောကျချစ်ခင်မှုကိုအပြည့်အ၀ရရှိနေတာပဲဖြစ်ပါတယ်နော်။ စိန်ဖြိုးနဲ့ ရီရီဟာ vlogsလေးတွေလည်း မကြာခဏရိုက်ကူးပြီး ပရိသတ်တွေအတွက် Facebookစာမျက်နှာကနေတစ်ဆင့် မျှဝေပေးလေ့ရှိပါတယ်။
တစ်ယောက်နဲ့တစ်ယောက်အမြဲစနောက်ကာ ပျော်ပျော်နေလေ့ရှိကြတဲ့သူတွေဖြစ်တာကြောင့်အခုဆိုရင်လည်း စိန်ဖြိုးဟာသူတို့ရဲ့ Tik Tok accလေးမှာ ချစ်သူရီရီရဲ့အလွဲလေးဖြစ်ခဲ့ရတဲ့ဗီဒီယိုလေးကိုတင်ပေးလာပါတယ်။ ရီရီဟာ ရှဉ့်လည်းလျှောက်သာ ပျားလဲစွဲသာဆိုတဲ့ စကားပုံကိုအကျအနရှင်းပြနေရင်း အဓိပ္ပာယ်တွေလွဲကာ အခွီတွေဖြစ်နေခဲ့တာဖြစ်ပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
သတင်း အရင်းအမြစ်៖ Sein Phyo& Yi's Tik tok acc