သီချင်းအေးအေးလေးတွေကို ကိုယ်တိုင်ဖန်တီးရေးသားသီဆိုသူလေးကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အချစ်တော် အဆိုတော် ရဲရင့်အောင်ပဲ ဖြစ်ပါတယ်။ သူဟာ တေးသီချင်း Album တွေလည်း ထွက်ရှိထားပြီး single album တွေလည်း ပရိသတ်အကြိုက် အမြဲသီဆိုပေးနေသူလည်း ဖြစ်ပါတယ်။ ရဲရင့်အောင်ရဲ့ အသံလေးဟာလည်း နားဆင်သူတိုင်းကို ထပ်ခါထပ်ခါနားဆင်ချင်အောင်ကို ညှို့ယူဖမ်းစားနိုင်စွမ်းရှိလွန်းတဲ့ စွယ်စုံရအနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။
လတ်တလော ထွက်ရှိထားတဲ့ ရဲရင့်အောင်ရဲ့ သီချင်း album သစ်ထဲက သီချင်းတွေဟာလည်း Tik Tok တွင် အကအများဆုံးအဖြစ် ရပ်တည်နေတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ချစ်သူ ဧငြိမ်းဖြူဟာလည်း သရုပ်ဆောင်ဘက်တွင်သာမကဘဲ အကဘက်မှာလည်း ပိုင်နိုင်စွာ ကတတ်လွန်းသူတစ်ယောက်လည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ရဲရင့်အောင်ရဲ့Facebook Story တွင် ပုံလေးတစ်ပုံ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ချစ်သူနဲ့ယှဉ်ကာပြောလိုက်တဲ့ပရိသတ်တစ်ယောက်ရဲ့စကားတစ်ခွန်းကြောင့်ဘာပြောရမှန်းမသိအောင်ကိုဆွံ့အသွားခဲ့ရတာပဲ ဖြစ်ပါတယ်။
သူ့ရဲ့ ပရိသတ်တစ်ယောက်က " ကောင်မလေးက ကတတ်သလောက် ပေါတောတောနဲ့ မနက်တိုင်းထခုန်နေတဲ့ကောင်လေး " ဆိုပြီးရေးသားထားတာကို ရဲရင့်အောင်က ပြန်တင်ထားတာပဲ ဖြစ်ပါတယ်။ ဒီမနက်ခင်းလေးမှာတော့ ရဲရင့်အောင်တစ်ယောက် " မကတတ်ဖူးလို့ ထင်နေသူတွေကို တစ်ကွက်ကပြလိုက်ပြီ " ဆိုပြီး ပြန်ကပြလိုက်တာပဲ ဖြစ်ပါတယ်။ ရဲရင့်အောင်ရဲ့ ကနေတဲ့ ဗီဒီယိုဖိုင်ကိုပါ တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။
Source and Photo Crd- Yair Yint Aung’s Facebook Account