ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ ပြည်သူချစ်အနုပညာရှင် သရုပ်ဆောင်မင်းသားချော ရဲတိုက်ကတော့ ပီပြင်ပိုင်နိုင်တဲ့သရုပ်ဆောင်စွမ်းရည်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကို အခိုင်အမာ ရရှိထားသူပဲ ဖြစ်ပါတယ်နော်။ သူမတူတဲ့ သရုပ်ဆောင်စွမ်းရည်တွေပါမက စူးရှတဲ့ အကြည့်တွေနဲ့ တည်ကြည်ခန့်ညာလွန်းတာကြောင့် ကောင်မလေးတွေကြွေနေရတာပါ။
ရဲတိုက်ဟာ အနုပညာလှုပ်ရှားမှုတွေ အရင်ကလောက် သိပ်မရှိတော့တာကြောင့် ပရိသတ်တွေက အရင်လို ဇာတ်ကားတွေ ပြန်ရိုက်ရန် မျှော်လင့်နေကြတာပဲ ဖြစ်ပါတယ်။အခုခါမှာတော့ ပရိသတ်တွေမျှော်လင့်ထားတဲ့ အတိုင်းအနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။
သူရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်းအမြဲဖော်ပြလေ့ရှိရာ ပရိသတ်တွေကလည်း စောင့်ကြည့်အားပေးနေကြတာပါ။အခုလည်း ညို့အားပြင်းတဲ့အကြည့်တွေနဲ့အမိုက်စားပုံဖော်ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကိုဖော်ပြားတာဖြစ်ပါတယ်။ ပုံလေးတွေတိုင်းကမိမိုက်လွန်းတာကြောင့် ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။
Source : YeDeight Facebook Page