သရုပ်ဆောင် မင်းသမီးချောလေး အိချောပိုကတော့ အနုပညာလမ်းကြောင်းထက်မှာ လျှောက်လှမ်းခဲ့တာဆိုရင် နှစ်အတော်ကြာခဲ့ပြီလည်းဖြစ်ပါတယ်။ အိချောပိုဟာဆိုရင် ကျရာဇာတ်ရုပ်ကို အပီပြင်ဆုံးသရုပ်ဆောင်နိုင်တာဖြစ်ပြီး ကောင်းမွန်တဲ့ အနုပညာအရည်အချင်းတွေကြောင့် ရုပ်ရှင်ဇာတ်ကားကြီးတွေကို များစွာကိုလည်း လက်ခံရိုက်ကူးနေတာကို တွေ့ရပါတယ်။
ကိုဗစ်ကာလဖြစ်ပေမယ့်လည်း အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေရတဲ့ အိချောပို တစ်ယောက် ယခုမှာလည်း ရှုတင်ကို ရောက်ရှိနေတာပါ။ ရှုတင်မှာ အဖွဲ့သားတွေနဲ့အတူ ရယ်မောပျော်ရွှင်နေခဲ့ပြီး တက်ညီလက်ညီနဲ့ အကောင်းဆုံးသရုပ်ဆောင်နေတဲ့ အိချောပိုရဲ့ ပုံရိပ်လေးတွေက ပရိသတ်တွေကို အချစ်ပိုစေတာပါ။
အိချောပိုက သူမရဲ့ ကိုယ်ခန္ဓာအလှကို ပိုမိုပေါ်လွင်စေတဲ့ ခပ်မိုက်မိုက်ဖက်ရှင်လေးနဲ့ လိုက်ဖက်လှပနေတာဖြစ်ပြီး စကားပြောနေဟန်လေးက ကြည့်မိသူတိုင်းကို အချစ်ပိုစေတာလည်းဖြစ်ပါတယ်။ ရိုက်ကွင်းနောက်ကွယ်က အဖွဲ့သားတွေနဲ့ ရယ်မောပျော်ရွှင်နေတဲ့ ဗီဒီယိုဖိုင်လေးကို တင်ပေးလာတာဖြစ်လို့ Myanmarloadမှ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်....။
သတင်း အရင်းအမြစ်៖ Source - Ei Chaw Po's FB account