ပရိသတ်ကြီးရေ စူပါမော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ဟာ အောင်မြင်မှုတွေနဲ့ အကောင်းဆုံးရပ်တည်နေတဲ့အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမဟာ ဘိုဆန်တဲ့အလှတရားတွေအပြင် အချိုးအစားပြေပြစ်ညီညာတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားပြီး ရှိရင်းစွဲအသက်ထက် ငယ်ရွယ်နုပျိုနေတဲ့ သူပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမဟာ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန် နဲ့ သာလုပ်ကိုင်နေတာကိုလည်း တွေ့ရပါတယ်။
သန္တာလှိုင်က ဝတ်စားဆင်ယဥ်မှုမှာလည်း ဘယ်လိုဖက်ရှင်တွေပဲ ဖြစ်ဖြစ်လိုက်ဖက်မှုရှိအောင် စမတ်ကျကျ ဝတ်ဆင်တတ်တာကြောင့် ပျိုမေလေးတွေကလည်း အားကျနေရတာ ဖြစ်ပါတယ်။ မကြာခဏဆိုရင်လည်း သူမရဲ့ နေ့စဉ်လှုပ်ရှားမှုတွေနဲ့ ချစ်စရာပုံရိပ်လေးတွေကို အမြဲဖော်ပြပေးလေ့ရှိပါတယ်။ ယခုမှာလည်း သူမရဲ့ ပရိသတ်တွေအတွက် အိမ်မှာနေရင်း ရိုက်ထားတဲ့ ချစ်စရာဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။
ဒီဗီဒီယိုလေးထဲမှာ သန္တာလှိုင်က သားသမီးလိုချစ်ရတဲ့ ခွေးလေးနဲ့ အတူ ဆော့ကစားရင်း တစ်နေ့တာရဲ့ အချိန်လေးတွေကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးနဲ့လည်း သန္တာလှိုင်က " အမေ့အသဲလေး အနာကျက်လာလို့ ဒီနှစ်ထဲမှာ ပထမဆုံးရေချိုး သန့်ရှင်းရေးလုပ်ပြီးသောအခါ အမေနဲ့ ကပ်သီးကပ်သတ် ပလူးနေတဲ့ပုံ " ဆိုပြီး ရေးသားထားပါသေးတယ်။ ပရိသတ်တွေလည်း တစ်နေ့တာရဲ့ အချိန်တွေကို တိရိစ္ဆာန်လေးတွေနဲ့အတူ ပျော်ပျော်ပါးပါး ဖြတ်သန်းနေတဲ့ သန္တာလှိုင်ရဲ့ ဗီဒီယိုလေးကို သဘောကျမယ်လို့မျှော်လင့်မိပါတယ်။
သတင်း အရင်းအမြစ်៖ VideoCredit & Source - Thandar Hlaing fb page