လေယာဉ်တွေဟာ အဖြူရောင်အများစု ဖြစ်နေရတဲ့ အကြောင်းအရင်း

//s9.kh1.co/a7/a7d9df51de32973ddbda0043fb8dc19b3459aa05.jpg
ဗဟုသုတအဖြာဖြာ

 ၃၀-ဒီ-၂၀၂၀ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာပေါ်မှာ လေကြောင်းပို့ဆောင်ရေး ဆက်သွယ်မှုတွေဟာ အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခု ကနေပါဝင်လို့ လာပါတယ်။ လေကြောင်းပို့ဆောင်ရေးတွေ ပေါ်လာပြီးနောက်ပိုင်းမှာ မိမိသွားလိုရာကိုခရီးကို အချိန်တိုတိုနဲ့ အလွယ်တကူ သွားနိုင်တဲ့အတွက် လူအများစုကကြိုက်နှစ်သက်ကြပါတယ်။ ဒီတစ်ပါတ်မှာတော့ လေကြောင်းလိုင်း တော်တော်များများမှာ အသုံးပြုနေတဲ့ လေယာဉ် အဖြူရောင်အများဆုံး ဖြစ်နေတဲ့ အကြောင်းကို ဗဟုသုတအဖြစ် တင်ပြပေးသွားပါမယ်နော်။

https://s9.kh1.co/__image/w=600,h=337,q=100/b0/b056babeb1e28188e6199bdd7e8703135ff444b4.jpg
https://s9.kh1.co/__image/w=600,h=367,q=100/93/932565ec8445eea950f77587f575afe876ef75dc.jpg

အများပြည်သူသုံးလေကြောင်းလိုင်းတော်တော်များများမှာ အသုံးပြုနေတဲ့ လေယာဉ်တွေကို ကြည့်လိုက်ရင် အဖြူရောင်ဆေးခြယ်ထားကြတာကို ပရိသတ်ကြီးလည်း သတိထားမိမှာပါ။

၁။ လေယာဉ်တွေဟာ အမြင့်မှာပျံသန်းတဲ့အခါ နေရောင်ခြည်ရဲ့အပူဒဏ်ကိုပိုခံရ ပြီး ကျရောက်လာတဲ့အပူလှိုင်းတွေကိုဖြာထွက်သွားစေဖို့ အခြားအရောင်တွေထက်အဖြူရောင်ကပိုကောင်းပါတယ်။

၂။ လေယာဉ်ကိုဆေးသုတ်ရတာမလွယ်ကူလှပါဘူး။လူအင်အား၊ငွေအင်အားနဲ့ပြင်ဆင်ချိန်တွေကုန်ပါတယ်။ဒါကြောင့် အကုန်အကျသက်သာ၊လူအင်အားသက်သာ၊အချိန်သက်သာပြီးအချိန်ကြာသွားလဲအရောင်ပြယ်ပျက်သွားခြင်းမရှိတဲ့အဖြူရောင်ကိုရွေးချယ်ကြပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/41/41f435b3c232a420ba87ea81dc00ad36775812e5.jpg
https://s9.kh1.co/__image/w=600,h=338,q=100/a7/a7f59325232767235b420b8df36550e47243a7cf.jpg

၃။ ပန်းချီတွေအလှပုံတွေပျက်လို့ပြန်လည်ပြုပြင်တဲ့အခါကုန်ကျတဲ့အပိုအသုံးစရိတ်တွေကိုလုပ်ငန်းပိုင်ရှင်ကလဲမလိုချင်လို့ပါ။

၄။ အဖြူရောင်ခြယ်ထားတဲ့ကိုယ်ထည်ပေါ်က အက်ကြောင်းတွေ၊ခြစ်ရာတွေနဲ့လေယာဉ်ကိုဒုက္ခပေးနိုင်တဲ့ရေနံဆီတို့လို့အရည်တွေပေကျံနေတာကိုအလွယ်တကူတွေ့နိုင်တယ်။

၅။ အရောင်တွေခြယ်ထားတဲ့လေယာဉ်တွေကိုပြန်ရောင်းချရခက်သလိုဈေးကောင်းလဲမရလို့ပါ။

ယခုလိုဖော်ပြထားတဲ့အကြောင်းအရာတေါကြောင့် လေကြောင်းလိုင်းတွေမှာ အဖြူရောင်ဆေးသုတ်ထားခြင်းဟာ လေယာဉ်အတွက်လည်း ပိုမို သင့်တော်နိုင်တယ်လို့ ဆိုရမှာပါ။ 

https://s9.kh1.co/__image/w=600,h=375,q=100/f6/f65d98047a01a96bb52278a8baad54b4f5451023.jpg
https://s9.kh1.co/__image/w=600,h=400,q=100/34/342ef5a6103edcca5cb0e300704d10d3e7d4a4bf.jpg

သတင်း အရင်းအမြစ်Eye Of Net

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T