တစ်ခါတစ်ရံမှာ ကလေးငယ်လေးတွေရဲ့ ကံတရားနဲ့ မွေးဖွားလာမှုတွေက အရမ်းဆန်းကြယ်တတ်ကြပါတယ်။
သူတို့မွေးဖွားလာမယ့် အချိန်ကို မိဘတွေက မျှော်လင့်တကြီးနဲ့ စောင့်ဆိုင်းနေတတ်ကြပေမယ့် မထင်မှတ်ထားတဲ့ အချိန်မှာ မွေးဖွားလာမယ်ဆိုရင်တော့ ဒါဟာမိဘဖြစ်သူတွေအတွက် ပိုကြီးမားတဲ့ ပျော်ရွှင်မှုတစ်ခုပါပဲ။အဲ့ဒီလိုပဲ Northern Ireland မှာနေထိုင်တဲ့ Lisa လို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးဟာဆိုရင်လည်း ကံကောင်းခြင်းများစွာနဲ့ ပန်းခြံရှေ့က မြက်ခင်းပြင်လေးပေါ်မှာပဲ သူမရဲ့ ဒုတိယမြောက် ကလေးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတယ်။
ဖြစ်ပွားခဲ့ပုံကတော့ ကိုယ်ဝန်ဆောင်ထားရတဲ့ Lisa ဟာ သူမရဲ့အမျိုးသားကိုစောင့်ဆိုင်းနေစဉ်မှာ နည်းနည်းပျင်းလာတာကြောင်း ကားပေါ်ကနေဆင်းပြီး ဘေးပတ်ပတ်လည်ကို လျှောက်ကြည့်နေခဲ့ပါတယ်။ Lisa ဟာ သူမလျှောက်ကြည့်နေတဲ့ အချိန်အတွင်းမှာပဲ နာကျင်မှုအနည်းငယ်ကို ခံစားလာရပါတယ်။ ဒါပေမယ့် ဒီနာကျင်မှုဟာ သာမန်နာကျင်မှုလေးပါဆိုပြီး ထားလိုက်ပေမယ့် ခနကြာတဲ့အခါမှာ ဒီနာကျင်မှုက ပိုမိုပြင်းထန်လာပြီး Lisa ကိုယ်တိုင်လည်း သူမကလေးမွေးတော့မယ်ဆိုတာကို သိလိုက်ရပါတယ်။ဒါ့ကြောင့် သူမရဲ့ကားဆီကို ပြန်လာပြီး ဆေးရုံကိုသွားဖို့ လုပ်ခဲ့ပေမယ့် အချိန်မမှီတော့နိုင်ဘူးဆိုတာကိုသိပြီး သူမရဲ့ ဒုတိယမြောက်ကလေးလေးကို ကားဆီကိုပြန်လာတဲ့လမ်းက ပန်းခြံရှေ့က မြက်ခင်းပြင်ပေါ်မှာပဲ မွေးဖွားခဲ့ပါတယ်။
ဒီကလေးလေးကိုတော့ Lisa ရဲ့ခင်ပွန်းဖြစ်သူ Emmett က ကူညီမွေးဖွားပေးခဲ့ပြီး သူတို့ရဲ့ ဒုတိယမြောက်ရင်သွေးလေးကို ကိုယ်တိုင်မွေးပေးခွင့်ရရှိခဲ့တဲ့အတွက် အရမ်းပျော်ရွှင်ခဲ့ရပါတယ်။Lisa နဲ့ Emmett တို့ရဲ့ ဒုတိယမြောက်ရင်သွေးလေး Michael ဟာဆိုရင်လည်း ကျန်းမာရေးလည်းကောင်းမွန်ပြီး ကံကောင်းခြင်းတွေများစွာနဲ့ မွေးဖွားလာခဲ့တာကြောင့် မိဘတွေအတွက် တစ်သက်လုံးမေ့မရနိုင်တဲ့ အမှတ်တရတစ်ခုကို ဖန်တီးပေးခဲ့သလိုပါပဲ။ဒီကလေးလေးရဲ့ ကံကောင်းမှုနဲ့အတူ မိဘတွေကိုပေးခဲ့တဲ့ အမှတ်တရတွေကို ပရိသတ်တွေ သိရှိနိုင်စေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Metro