တစ်ခါတရံမှာ အတိတ်ကပါလာတဲ့ ကံကြမာဆိုးကြောင့် လက်ရှိဘဝမှာ အဆိုးတွေ ခန္ဓာကိုယ်အစိတ်အပိုင်း ချို့ယွင်းမှုတွေကို ရင်ဆိုင်ရပေမယ့် ဒါတွေကြောင့် စိတ်ဓာတ်ကျအားငယ်နေလို့မရပါဘူး။ မိမိရဲ့လက်ရှိဘဝကို ကိုယ်တိုင်နားလည် လက်ခံပြီး အကောင်းဆုံးပြုမုနေထိုင်မှသာလျှင် ကိုယ့်ရဲ့နေ့စဉ်ဘဝက ပျော်ရွှင်စရာကောင်းလာမှာပါ။ ဒါ့ကြောင့် ပရိသတ်တွေကို အတိတ်ကပါလာတဲ့ ကံကြမာဆိုးနဲ့ လက်ရှိဘဝမှာ နှလုံးက ရင်ဘတ်အပြင်ကို ထွက်ပြီးမွေးဖွားလာတာကြောင့် ဝေဒနာဆိုးတွေ ခံစားနေရပေမယ့် အလှဆုံးပြုံးထားတဲ့ ကောင်မလေးတစ်ယောက် အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ဒီကောင်မလေးကတော့ အမေရိကန်နိုင်ငံ Florida မှာနေထိုင်တဲ့ Virsaviya Borun-Goncharova ဖြစ်ပြီး သူမဟာ လက်ရှိမှာ အသက် 11 နှစ်အရွယ်ရှိနေပါပြီ။

Virsaviya လေးကို ကိုယ်ဝန်လွယ်ထားရတုန်းကဆိုရင်လည်း သူမရဲ့မိခင်ဟာ ဆရာဝန်တွေရဲ့ ဒီကလေးလေးဟာ ကိုယ်ဝန်ဆောင်စဉ် ဒါမှမဟုတ် မွေးဖွားလာပြီးပြီးချင်း သေမယ်ဆိုတဲ့ စကားတွေကို ကြားခဲ့ရပေမယ့် မိခင်စိတ်အပြည့်နဲ့ သမီးလေး Virsaviya ကိုလူ့လောကထဲရောက်အောင် မွေးထုတ်ပေးခဲ့တာပဲဖြစ်ပါတယ်။Virsaviya လေးရဲ့ ဒီအခြေအနေဟာ နာလည်နိုင်ဖို့ အရမ်းခက်ခဲလှသလို လူတစ်သန်းမှာ တစ်ယောက်သာ အသက်ရှင်နိုင်တဲ့ အခြေအနေပဲ ဖြစ်ပါတယ်။အသက်မသေပဲ ရှင်သန်ခွင့်ရပေမယ့် Virsaviya ဟာ ကံအရမ်းကောင်းလွန်းသူတော့မဟုတ်ခဲ့ပါဘူး ၊ မွေးထဲက သူမရဲ့ နှလုံးဟာ ရင်ဘတ်အပြင်ဘက်ကို ထွက်နေခဲ့ပြီး ဒီအခြေအနေအကြောင့်ပဲ သူမဟာ ဆိုးရွားတဲ့ ဝေဒနာတွေခံစားခဲ့ရပါတယ်။

Virsaviya လေးဟာ မွေးထဲကနေ နှစ်အတော်ကြာတဲ့အထိ သူမရဲ့အချိန်တော်တော်များများကို ဆေးရုံမှာ ကုန်ဆုံးခဲ့ရပြီး အောက်ဆီဂျင်မပြတ်အောင် ဂရုစိုက်နေခဲ့ရတာပဲဖြစ်ပါတယ်။ဒါပေမယ့် Virsaviya လေးကတော့ ဒီဝေဒနာတွေကြောင့် စိတ်ဓာတ်မကျနေပါဘူး ၊ တခါတရံအောက်စီဂျင်ပြတ်သွားတဲ့အချိန်မှာ သူမအရမ်းကို ခံစားရပေမယ့် အပြင်ထွက်နေတဲ့ နှလုံးကိုလည်း အထဲကို ပြန်မထည့်ချင်ပါဘူး၊ သူငယ်ချင်းတွေနဲ့အတူ သီချင်းဆိုလိုက် ကနေရတာနဲ့တင် အရမ်းကိုပျော်ရွှင်နေပါပြီလို့ ပြောထားပါတယ်။ဘယ်လောက်ပဲ ဆိုးရွားလှတဲ့ ကျန်းမာရေးအခြေအနေတွေကို ရင်ဆိုင်ရ ရင်ဆိုင်ရ Virsaviya လေးကတော့ အလှဆုံးပြုံးထားဆဲပါပဲ။

