စူပါဟီးရိုးကားတွေကြည့်လိုက်တိုင်း ဟီးရိုးတွေဟာ အတွင်းခံကိုအပြင်မှထုတ်ဝတ်တဲ့ အဝတ်အစားဒီဇိုင်းဟာ လူတိုင်းနဲ့ရင်းနှီးပြီးသားဖြစ်မှာပါ။ ဒါပေမယ့် လူတိုင်းကတော့ နောက်ကွယ်က အကြောင်းအရင်းကိုတော့ မသိကြပါဘူး။
Superman, Batman, Wolverine, Cyclops အပါအဝင် စူပါဟီးရိုးအတော်များများဟာ အတွင်းခံကိုအပြင်မှာဝတ်ထားကြတဲ့ဒီဇိုင်းကြောင်း ဟိုးအရင်တည်းက စူပါဟီးရိုးတွေရဲ့ဝတ်စုံဒီဇိုင်းဟာ ဒီလိုပဲဖြစ်နေကြလို့ တွေးထင်စရာဖြစ်လာပါလိမ့်မယ်။ ဒီအကြောင်းရဲ့နောက်ကွယ်ကိုကြည့်ရမယ်ဆိုရင်တော့ ရှေးအကျဆုံး DC Comics Editor ဖြစ်တဲ့ Julius Schwartz ကနေ စတင်ရမှာဖြစ်ပါတယ်။
Julius Schwartz ဟာ 1944 ခုနှစ်ကနေ 1986ခုနှစ်အထိ DC Comics မှာ အယ်ဒီတာလုပ်ခဲ့သူဖြစ်ပြီး သူ့ရဲ့အတ္ထုပတ္တိစာအုပ်မှာ ရေးသားချက်အရ ပထမဆုံးစူပါဟီးရိုးတွေထဲကတစ်ယောက်ဖြစ်တဲ့ စူပါမန်းရဲ့ဝတ်စုံဒီဇိုင်းဟာ 1920,30 ဝန်းကျင်မှာပေါ်ပေါက်လာတဲ့ ဆပ်ကပ်သမားတွေနဲ့၊ နပန်းသမားတွေရဲ့ဝတ်စုံကို နမူနာယူပြီး ဒီဇိုင်းဆွဲထားတာဖြစ်တယ်လို့ သိရပါတယ်။
အဲဘက်ခေတ်က ဆပ်ကပ်သမားနဲ့ နပန်းသမားတွေဟာ ခန္ဓာကိုယ်လှုပ်ရှားမှုအဆင်ပြေစေဖို့အတွက် ဘောင်းဘီအကျပ်အရှည်အပေါ် နောက်ထပ်ဘောင်းဘီတစ်ထပ် ထပ်ပြီးဝတ်ဆင်ကြတာဖြစ်ပါတယ်။ ဒီအတိုင်းပဲ ကာတွန်းတွေထဲက စူပါဟီးရိုးတွေဟာ သူတို့ရဲ့တိုက်ခိုက်ခန်း၊ လှုပ်ရှားမှုတွေတိုင်း ပိုအဆင်ပြေအောင်ရယ်လို့ ဒီဝတ်စုံဒီဇိုင်းဆွဲခဲ့တာဖြစ်ပါတယ်၊ တကယ်တော့ ဒါဟာ အတွင်းခံရယ်လို့မဟုတ်ပါဘူး။ ဝတ်စုံအပြင်မှာထပ်မံဝတ်ဆင်ထားတဲ့ ခန္ဓာကိုယ်နဲ့ကွက်တိဖြစ်နေမယ့် ဘောင်းဘီအတိုပုံစံမျိုးသာဖြစ်တယ်လို့ဆိုပါတယ်။
သတင်း အရင်းအမြစ်៖ Elite Readers