ဒီအမွှာနှစ်ယောက်ရဲ့ နာမည်ကတော့ လာရာနဲ့ မာရာဖြစ်ပြီး ဒီဓာတ်ပုံလေးတွေမြင်လို့ မော်ဒယ်လ်တွေလို့တော့ အထင်မမှားလိုက်ပါနဲ့။သူတို့ညီအစ်မ နှစ်ယောက်ဟာ Albino ဆိုတဲ့ ကိုယ်တွင်းဓာတ်ဗီဇ ဖောက်ပြန်မှုကြောင့် ဖြစ်တဲ့ ရှားပါးရောဂါတစ်မျိုးကို ခံစားနေရသူတွေပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ရဲ့ ပုံးပန်းအသွင်သဏ္ဍာန်ဟာ သာမန်လူတွေနဲ့မတူပဲ အများအမြင်မှာ ပုံမှန်လူတွေထက် ထူးခြားနေတဲ့အတွက် လူအများကြသတိထားမိလာခဲ့ကြတာပါ။
ဒီ Albino ရောဂါခံစားနေရသူတွေဟာ အရေပြား၊ ဆံပင်နဲ့ မျက်လုံးတွေမှာ ရောင်ခြယ်လုံးဝမရှိပဲ ပြင်ပက ရောဂါတွေဝင်ရောက်ဖို့လွယ်ကူခြင်း ၊အရေပြားကင်ဆာဖြစ်နိုင်ချေများတာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေရှိနိုင်ပါတယ်။ ဒါ့ပြင်ရှားပါးရောဂါဖြစ်ပြီး လူတွေမှာသာမက တိရစ္ဆာန်တွေမှာလည်း ဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။ ဒီလို အများထက်ထူးခြားနေတဲ့ သူတို့ညီအစ်မနှစ်ယောက်ကို မော်ဒယ်လ်အဖြစ် သုံးဖို့ ဘယ်သူမှ စိတ်ကူးမိမှာမဟုတ်ပေမယ့် ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့က Swizz ဓာတ်ပုံဆရာကတော့ Albino အမွှာညီအစ်မကို ပွဲထုတ်ဖို့ အိုင်ဒီယာရခဲ့ပါတယ်။
စိတ်ကူးရသွားတဲ့ အဲ့ဒီဓာတ်ပုံဆရာက ဆယ်ကျော်သက်အရွယ် လာရာတို့ ညီအစ်မနှစ်ယောက်ကို ဓာတ်ပုံမော်ဒယ်လ်တွေအဖြစ် ရွေးချယ်ဖြစ်ခဲ့ပါတယ်။ ဓာတ်ပုံဆရာရဲ့ ရည်ရွယ်ချက်ကတော့ သူတို့လေးတွေဆီမှာလည်း ပုံမှန်နဲ့မတူတဲ့ အလှတွေရှိတယ်ဆိုတာ လူတိုင်းသိအောင် ချပြင်ချင်တဲ့ပုံပါပဲ။
သူတို့ညီအစ်မနှစ်ယောက်ရဲ့ ဓာတ်ပုံပရောဂျက်ကို ရှားပါးပန်းပွင့်ကလေးများ လို့နာမည်ပေးခဲ့ပြီး ၎င်းပရောဂျက်မှာ သူတို့လေးတွေရဲ့ အစ်မဖြစ်သူ ရှီလာလည်း ပါဝင်ခဲ့ပါတယ်။ ဒီဓာတ်ပုံတွေ အွန်လိုင်းပေါ် ပျံ့နှံ့လာတဲ့ အချိန်ကနေစတင်ပြီး သူတို့ညီအစ်မနှစ်ယောက်ဟာ နာမည်တော်တော်လေးကြီးသွားခဲ့ပြီး အင်စတာဂရမ်မှာလည်း ဖော်လိုဝါတွေ အများကြီးရရှိခဲ့ပါတယ်။
သူတို့လေးတွေဟာ ရှားပါးရောဂါဝေဒနာကို ခံစားနေရတဲ့ ရောဂါသည်လေးတွေ ဆိုပေမယ့်လည်း စိတ်ဓာတ်မကျပဲ သတ္တိရှိရှိနဲ့ လူရှေ့ထွက်လိုက်တဲ့ အခါမှာတော့ လူအများကတောင် သူတို့ကို ပြန်လည်လေးစားအားကျခဲ့ရပါတယ်။
သတင်း အရင်းအမြစ်៖ boredpanda