ထောင်ဖောက်ထွက်ပြေးဖို့ ခဲယဉ်းလှတဲ့ ကမ္ဘာပေါ်က နာမည်ကြီး အကျဉ်းထောင်များ

//s9.kh1.co/7a/7a970150f6f9282327a3fca0fc06197da77baa6e.jpg
ဗဟုသုတအဖြာဖြာ

 ၁၇-ဒီ-၂၀၂၀ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

1.Vologodskiy Pyatak

https://s9.kh1.co/__image/w=650,h=372,q=100/ec/eca4916d5121d53a5a8a8d40056c10417cc2e646.jpg

ရုရှားနိုင်ငံ အော်ဂီနီ အော့စတော့ဖ်ကျွန်းရှိ ဗိုလိုဂေါ့စကီး ဖားရားတက် အကျဉ်းထောင်မှာ ရာဇဝတ်သားတွေနဲ့ အန္တရာယ်ရှိတဲ့ အကျဉ်းသားတွေကို ထားရှိပြီး လုံခြုံမှုအမြင့်ဆုံး အကျဉ်းထောင်ဖြစ်ပါတယ်။ (၁၉၅၀) ပြည့်နှစ်မှာတော့ လုံခြုံရေးအတင်းကြပ်ဆုံး အကျဉ်းထောင်ဖြစ်လာခဲ့ပါတယ်။ အကျဉ်းခန်းတွေရဲ့တံခါးမှာ အကျဉ်းသားတွေကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ အမည်တွေကို ယှဉ်တွဲဖော်ပြထားတဲ့ တက်ဘလက်တွေကို ထားရှိပေးထားပါတယ်။

2.Alcatraz

https://s9.kh1.co/__image/w=650,h=488,q=100/74/7479d98ecce6443e769518f3dc20e16eaf1083ca.jpg

အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကို ပင်လယ်အော်ရှိ အယ်ကာထရပ်စ်ကျွန်းပေါ်က အကျဉ်းထောင်ဆိုရင် (၁၉၃၄)ခုနှစ်ကနေ (၁၉၆၃)ခုနှစ်ထိ သမိုင်းတစ်လျှောက်(၂၉) နှစ်တာသက်တမ်းအတွင်း ထောင်ဖောက်ထွက်ပြေးမှု (၁၄)ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

ဒီလိုထောင်ဖောက်ထွက်ပြေးဖို့ ကြိုးစားတဲ့ အကျဉ်းသား(၇)ဦး ပစ်သတ်ခံရပြီး (၂)ဦးကတော့ ပင်လယ်အတွင်းရေနစ်သေဆုံးကာ (၅)ဦးကတော့ ခြေရာခံလို့မရခဲ့ဘူးလို့ ဆိုပါတယ်။ရေပတ်လည်ဝန်းရံနေတဲ့ လုံခြုံမှုအမြင့်ဆုံးဖက်ဒရယ်အကျဉ်းထောင်တစ်ခုဖြစ်တာကြောင့် ထောင်ဖောက်ထွက်ပြေးဖို့ခက်ခဲတာမဆန်းပါဘူး။

3.Rikers

https://s9.kh1.co/__image/w=600,h=400,q=100/d1/d1c1327d3ea215d992bf2877a53cd2ca4104dde1.jpg

နယူးယောက်စီးတီးမြို့ရှိ အဓိကအကျဉ်းထောင်ဝန်းဖြစ်တဲ့ ရိုက်ကာကျွန်းဟာ ဧက(၄၀၀) ကျော် ကျယ်ဝန်းပြီး အကျဉ်းသား (၁) သောင်းကျော်ကို ထားရှိနိုင်ပါတယ်။ သမိုင်းကြောင်းတလျှောက် ထောင်ဖောက်ပြေးဖို့ကြိုးစားမှု (၄)ကြိမ်ဖြစ်ပွားခဲ့သလိုအကျဉ်းသားတွေနဲ့ ထောင်အာဏာပိုင်တွေအကြား အရှုတ်တော်ပုံတွေလည်း အများအပြားဖြစ်ပွားခဲ့ပါတယ်။အကျဉ်းထောင်ဝန်းအတွင်းမှာတော့အားကစားခန်းမ၊ ကစားကွင်း၊ ဆံပင်ညှပ်ဆိုင်၊ သတင်းစာတိုက်၊ ဓာတ်အားပေးစက်ရုံ၊ ကားရေဆေးလုပ်ငန်းနဲ့ အခြား နေအိမ်တွေလည်းရှိပါတယ်။

4.Bastøy Prison

https://s9.kh1.co/__image/w=600,h=400,q=100/ad/ad3090ac7c1ea2ad3ba70e211f8d0c2b7bf97a92.jpg

နော်ဝေးနိုင်ငံရဲ့ ဘက်စ်တွိုင်းအကျဉ်းထောင်ဟာလည်း ကမ္ဘာပေါ်မှာ ထောင်ဖောက်ထွက်ပြေးလို့မရတဲ့ ထင်ရှားတဲ့အကျဉ်းထောင်တစ်ခုပါ။ထူးခြားချက်ကတော့ ဒီအကျဉ်းထောင်ကအများထင်နေသလို အကျဉ်းထောင်လိုမဟုတ်ပါဘူး။အန္တရာယ်ရှိတဲ့ အကျဉ်းသားတွေကို ထားရှိပေမယ့် အကျဉ်းသားတွေဟာ သစ်တောနဲ့ သီးပင်စားပင်ဥယျာဉ်တွေအတွင်း အလုပ်လုပ်ကိုင်ကြရပါတယ်။ အဲ့ဒီအကျဉ်းထောင်မှာ ကာရံထားတဲ့တံတိုင်းတွေ၊ အကျဉ်းခန်းတွေ မရှိဘဲ အကျဉ်းသားတွေက သစ်သားအိမ်တွေထဲမှာ နေထိုင်ကြရပြီး လွတ်လပ်စွာ သွားလာနိုင်ကြပါတယ်။ အစောင့်တွေကလည်း လက်နက်တွေကိုင်ဆောင်ထားခြင်းမရှိဘဲ ညအခါမှာလည်း အစောင့်(၅) ယောက်ဘဲ ထားရှိပါတယ်။ အကျဉ်းသားတွေဟာ စာကြည့်တိုက်အတွင်း စာအုပ်တွေ ဖတ်နိုင်သလို အင်တာနက်၊ ရုပ်မြင်သံကြားနဲ့ တေးသီချင်းတွေလည်း နားထောင်နိုင်ပါတယ်။

ဒါကတော့ ပရိသတ်တွေဗဟုသရစေဖို့အတွက် ကမ္ဘာပေါ်က ဖောက်ထွင်း ထွက်ပြေးဖို့ခဲယဉ်းလှတဲ့ အကျဉ်းထောင်တွေအကြောင်းကို ဖော်ပြပေးခဲ့တာပဲဖြစ်ပါတယ်။ဒီသတင်းလေးကို သဘောကြရင် ကွန့်မန့်လေးတွေပေးပြီး share ပေးသွားကြဦးနော်။

သတင်း အရင်းအမြစ်sputniknews

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T