ဒီဇနီးမောင်နှံကတော့ အသက် 75 နှစ်အရွယ် Leslie နဲ့ အသက် 78 နှစ်အရွယ် Patricia တို့ပဲ ဖြစ်ပါတယ်။
သူတို့ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်းဟာ 47 နှစ်တောင်ရှိပြီဖြစ်ပြီး ရာစုနှစ်တစ်ဝက်နီးပါးလောက် အတူနေထိုင်လာခဲ့ကြတာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် သူတို့နှစ်ဦးဟာ အတူနေထိုင်လာတဲ့ 47 နှစ်အတွင်းမှာ တစ်ယောက်အပေါ်တစ်ယောက် အရမ်းချစ် အရမ်းကြင်နာကြတဲ့ ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။
ဒါပေမယ့် Covid-19 ဆိုတဲ့ရောဂါကပ်ဆိုးကြီး သူတို့ထံရောက်လာတဲ့အချိန်မှာတော့ ပျော်ရွှင်မှုတွေ ကြည်နူးမှုတွေဟာ အဆုံးသတ်သွားခဲ့ကြပါတယ်။
သူတို့ဇနီးမောင်နှံဟာ စားသောက်ဆိုင်တစ်ခုမှာသွားစာရာကနေ Corona virus ကူးစက်ခံလာရတာဖြစ်နိုင်ပြီး ဆေးရုံမှာကုသမှုတွေ ခံယူခဲ့ပေမယ့်လည်း ကံကုန်ဖို့အကြောင်းဖန်လာခဲ့ပါတယ်။
သူတို့ဇနီးမောင်နှံဟာ Covid-19 ကပေးတဲ့ရောဂါဝေဒနါကိုခံစားရင်းနဲ့ပဲ ပြီးခဲ့တဲ့ နိုဝင်ဘာလ 24 ရက်နေ့မှာ တရက်ထဲအတူသေပွဲဝင်သွားခဲ့ကြပြီး
တစ်ယောက်နဲ့တစ်ယောက်သေဆုံးသွားချိန်ကလည်း စက္ကန့်ပိုင်းလောက်ပဲ ခြားတယ်လို့သိရပါတယ်။
47 နှစ်လောက်အတူနေလာကြပီး တစ်ရက်ထဲအတူသေဆုံးသွားတဲ့ သူတို့ဇနီးမောင်နှံအတွက် ကျန်ရှိနေတဲ့ မိသားစုဝင်တွေက စိတ်မကောင်းကြပေမယ့်လည်း သူတို့ဘာမှမတတ်နိုင်ခဲ့ပါဘူး။
သတင်း အရင်းအမြစ်៖ Daily Mail