Europe region က esports organization တစ်ခုဖြစ်တဲ့ Ninjas in Pyjamas ကတော့ dota 2 team တစ်ခုလုံးကို organization နဲ့ လက်တွဲဖြုတ်ခွင့်ပေးလိုက်ပီ ဖြစ်ပြီး dota 2 scene ကနေ ထွက်ခွာသွားပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
အခုလိုလုပ်ရတဲ့အကြောင်းရင်းကတော့ အသင်းကလည်း ထင်သလောက်အောင်မြင်မှုမရသလို ငွေးကြေးအခက်အခဲတွေလည်း တဖြေးဖြေးများလာပြီး organization အတွက် အခက်အခဲတွေများလာတာကြောင့်ပဲ ဖြစ်ပါတယ်။
ဒါပေမယ့် Ninjas in Pyjamas ဟာ dota 2 ကနေ လုံးဝ ထွက်ခွာသွားတာမျိုးမဟုတ်ပဲ အခက်အခဲတွေ ပြန်လည်ပြေလည်လာရင်တော့ အသင်းသစ်ကို ပြန်လည်ဖွဲ့စည်းဖို့ ရှိနေပါတယ်။
Ninjas in Pyjamas လက်တွဲဖြုတ်ခဲ့တဲ့ Dota 2 roster ကတော့
Po 1-Charliedota
Po 2- Supream
Po 3- SabeRlight
Po 4- Era
Po 5- Misha
တို့ပဲ ဖြစ်ပါတယ်။
Ninjas in Pyjamas ကနေ ထွက်ခွာခဲ့ရတဲ့ players တွေကတော့ လက်ရှိမှာ EPIC League Division 2 ကိုဝင်ရောက်ယှဥ်ပြိုင်လျက်ရှိနေပြီး organization နဲ့ လက်တွဲဖြုတ်ခဲ့ပေမယ့် ပြိုင်ပွဲကိုတော့ ဆက်ပြိုင်သွားဦးမှာပဲ ဖြစ်ပါတယ်။
သတင်း အရင်းအမြစ်៖ Ninjas in Pyjamas facebook page