Nike ရဲ့ brand ambassador ဖြစ်လာတဲ့ RAMZES666

//s9.kh1.co/3f/3f4d47197ec2a1d163a11bacf2fca7f92eb482c2.jpg
အားကစားသတင်းများ

 ၀၁-ဒီ-၂၀၂၀ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ရူရှားနိုင်ငံသား dota 2 pro players တစ်ယောက်ဖြစ်သူ RAMZES666 ကတော့ Nike ရဲ့ brand ambassador တစ်ယောက် ဖြစ်လာခဲ့ပြီပဲ ဖြစ်ပါတယ်။

အခုလိုဖြစ်လာမှုနဲ့အတူ RAMZES ဟာ Nike ရဲ့ promotion campaigns တွေနဲ့ အခြားသော ကဏ္ဍအချို့မှာ ပါဝင်သွားမှာပဲ ဖြစ်ပါတယ်။

Photo credit -
Photo credit -

ဒီလက်တွဲမှုနဲ့ ပတ်သတ်ပြီး RAMZES ကတော့ "

ကျွန်တော့်အတွက် Nike ဟာကမ္ဘာပေါ်မှာနံပါတ်တစ်အမှတ်တံဆိပ်အ​ဖြစ် အမြဲတမ်းရှိနေခဲ့တာပါ။ Winstrike ကြောင့်ကုမ္ပဏီနဲ့ကျွန်ုပ်ရဲ့ပုဂ္ဂိုလ်ရေးအကျွမ်းတ၀င်ဖြစ်မှုကို ကျွန်ုပ်အလွန်ဝမ်းမြောက်မိပါသည်။

ဒါကကျွန်တော့်အတွက် အတွေ့အကြုံသစ်တစ်ခုပါ ပီးတော့ ဒါကအရမ်းစိတ်ဝင်စားစရာကောင်းမယ်လို့လည်း ယုံကြည်ပါတယ် " လို့ပြောကြားထားပါတယ်။

Photo credit -
Photo credit -

ဒါဟာ RAMZES အတွက်တော့ ပထမဆုံးလက်တွဲမှုမဟုတ်ပဲ 2018 ခုနှစ်တုန်းကလည်း RAMZES ဟာ Head & Shoulders နဲ့လက်တွဲခဲ့ပြီး Head & Shoulder ရဲ့ campaigns နဲ့ commercials program တွေမှာပါဝင်တဲ့ ပထမဆုံး esports players ဖြစ်ခဲ့ဖူးပါတယ်။

ရုပ်ဖြောင့်လှတဲ့ RAMZES ကတော့ ​ရှေ့ဆက်ပြီး Nike ရဲ့ campaigns တွေမှာ ပါဝင်သွားမှာဖြစ်ပြီး ဒါဟာ သူ့ရဲ့ esports carrier ကိုထိခိုက်မှု မရှိစေတဲ့အပြင် ပိုပြီး လူသိများထင်ရှားလာစေနိုင်ပါတယ်။

Esports carrier အနေနဲ့ကတော့ RAMZES သူ့ရဲ့အသင်းသစ် Just Error မှာကစားနေပြီး လက်ရှိမှာ EPIC League ကိုဝင်ရောက်ယှဥ်ပြိုင်လျက်ရှိနေပါတယ်။

photo credit - 
photo credit - 

သတင်း အရင်းအမြစ်Vpesports

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T