ဗင်နီဇွဲလားနိုင်ငံက ထူးခြားတဲ့အမြင့်ဆုံးတောင် Roraima

//s9.kh1.co/7f/7f52efd95e590d33734682c3179ec858494c3db0.jpg
MPT

 ၁၀-သြ-၂၀၂၄ ၁၁am · လွန်ခဲ့သော ၄ လ က

ဗင်နီဇွဲလားနိုင်ငံက ထူးခြားတဲ့အမြင့်ဆုံးတောင် Roraima

ဗင်နီဇွဲလားနိုင်ငံဟာ ထူးခြားတဲ့သဘာဝရှုခင်းတွေ သဘာဝတရားအလှတွေရှိတာကြောင့်နာမည်ကြီးပါတယ်။ အခုလိုသဘာဝတရားအလှတွေထဲမှာRoraima  တောင်ဟာလည်း အထူးခြားဆုံးနှင့် အမြင့်ဆုံးဆိုတဲ့ဂုဏ်ပုဒ်တွေနှင့်အတူ ပါဝင်နေပါတယ်။ တောင်ရဲ့ပုံပန်းသွင်ပြင်ကိုယ်တိုင်က တစ်ခြားတောင်တွေလိုမျိုး ထိပ်မှာစုချွန်သွားတာမျိုးမရှိဘဲ အပြားလိုက်ဖြစ်နေတာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=563,h=374,q=100/7b/7b6f1f70b0d3c606a1623656ae6e96b50adea8af.jpg

တရုတ်ဇာတ်လမ်းတွေထဲကလိုမျိုး ထူးခြားတဲ့ပုံပန်းသွင်ပြင်ရှိတဲ့အပြင် တောင်ပေါ်မှာလည်း သေချာမလေ့လာရသေးတဲ့အပင်နှင့်တိရစ္ဆာန်တွေရှိနေနိုင်တယ်လို့သိရပါတယ်။ ဒီတောင်ဟာ Pakaraima နယ်မြေထဲမှာအမြင့်ဆုံးအဖြစ်သတ်မှတ်ထားတဲ့နေရာလည်းဖြစ်ပါတယ်။ ဗင်နီဇွဲလားရဲ့အမြင့်ဆုံးနေရာအဖြစ်ပါသတ်မှတ်ထားတာကြောင့် စွန့်စားသွားလာသူတွေအတော်လေးစိတ်ဝင်တစားရှိကြတဲ့နေရာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=522,h=720,q=100/8b/8bcb273d7a50ededbffd6a0ee631466bf74804dd.jpg

တောင်ရဲ့အမြင့်ဆုံးနေရာကို Laberintos del Norte လို့ခေါ်ပြီးတော့ ခရီးသွားနှင့်တောင်တက်ဝါသနာပါသူတွေအတော်လေးသဘောကျကြတဲ့နေရာဖြစ်ပါတယ်။ ဒီတောင်ကိုသွားပြီးလည်ပတ်ချင်တယ်ဆိုရင်တော့ မိုးလေကင်းပြီးသာယာတဲ့ ဒီဇင်ဘာလကနေပြီး ဧပရယ်လအတွင်းမှာသွားနိုင်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T