Ladakh မှာရှိတဲ့ ဒီသံလိုက်တောင်ကြီးတွေဟာ ကမ္ဘာပေါ်မှာအထူးဆန်းဆုံးနှင့် သဘာဝတရားရဲ့ထူးခြားချက်တွေရှိနေတဲ့နေရာဖြစ်ပါတယ်။ ဒီတောင်ကိုလာတဲ့လမ်းမကြီးတစ်လျှောက်မှာ ထူးခြားတဲ့အရာတွေကိုကြုံတွေ့ရတာကြောင့် အခုလိုမျိုးထူးခြားတဲ့နေရာအဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်။

တောင်ကိုရောက်ခါနီးမှာဆိုရင် ကားအပါအဝင် သယ်ယူပို့ဆောင်ရေးတွေအနေနှင့် တကူးတကမောင်းနှင်စရာမလိုတော့ဘဲ တောင်ဖက်ကနေပြီးအလိုအလျောက်သံလိုက်ဓာတ်နှင့်ဆွဲနေမှာဖြစ်ပါတယ်။ ဒီလိုဆွဲခြင်းဟာသဘာဝအတိုင်းဖြစ်ပေါ်နေတာဖြစ်ပြီးတော့ သံနှင့်လုပ်ထားတဲ့အရာဝတ္ထုအကုန်လုံးအပေါ်ကိုအကျိုးသက်ရောက်မှုရှိနေတာဖြစ်ပါတယ်။

ဒါကြောင့် ဒီတောင်ဟာသံလိုက်တောင်ဆိုပြီးနာမည်ကြီးပြီးတော့ တောင်အနီးအနားမှာသံလိုက်ဓာတ်နှင့်သံလိုက်စက်ကွင်းတွေရှိနေတာဖြစ်နိုင်တယ်ဆိုပြီး ယူဆထားကြပါတယ်။ ခရီးသွားတွေကတော့ အခုလိုမျိုးတောင်ဖက်ကနေပြီးသံလိုက်ဓာတ်နှင့်ဆွဲငင်တာကိုအတော်လေးသဘောကျကြပြီးတော့ အတွေ့အကြုံအသစ်တစ်ခုအနေနှင့် အများကြီးစမ်းသပ်ကြလေ့ရှိပါတယ်။