အသားအရေထိန်းသိမ်းဖို့ဟာ အမျိုးသမီးတွေအတွက်အတော်လေးငွေကြေးကုန်ကျများပြီးတော့ ခက်ခဲတဲ့လုပ်ငန်းစဥ်တစ်ခုပါ။ Skin Care ပစ္စည်းတွေဟာအတော်လေးဈေးကြီးပြီးတော့ တင်သွင်းပစ္စည်းတွေဖြစ်တာကြောင့် တန်ဖိုးတစ်နေ့တစ်ခြားမြင့်တက်နေတာဖြစ်ပါတယ်။ အခုချိန်မှာငွေကြေးကုန်ကျမှုမရှိဘဲကျန်းမာတဲ့အသားရေကိုပိုင်ဆိုင်နိုင်မယ့်နည်းလမ်းတွေကိုဖော်ပြပေးသွားပါမယ်။

အိပ်ရေးဝဝအိပ်ခြင်းနှင့် တစ်နေ့ကိုလုံလောက်တဲ့ရေဓာတ်ရရှိခြင်းကကျန်းမာတဲ့အသားအရေအတွက်အခြေခံလိုအပ်ချက်ဖြစ်ပါတယ်။ ဒါ့အပြင် အဆီဓာတ်များတဲ့အစားအစာတွေနှင့် ဂတ်စ်ပါဝင်တဲ့အချိုရည်တွေကိုရှောင်ကြဥ်ခြင်းကလည်း အသားအရေအတွက်ကောင်းမွန်တဲ့အရာတွေဖြစ်ပါတယ်။

ဒီလိုအခြေခံကျတဲ့အချက်တွေအပြင် ငွေကြေးကုန်ကျနည်းပါးအောင်ဆိုပြီးအိမ်လုပ် Skin Care တွေကိုမသုံးခြင်းကလည်း အသားအရေပျက်စီးသွားနိုင်တဲ့အခြေအနေတွေကနေကယ်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင်တစ်ကိုယ်ရည်သန့်ရှင်းမှုကိုအထူးဂရုစိုက်ပြီးမျက်နှာနှင့်ထိတွေ့နေရတဲ့ အရာတွေကိုသန့်သန့်ရှင်းရှင်းထားခြင်းကလည်း ဝက်ခြံလိုမျိုးပြဿနာတွေကိုကာကွယ်ပေးနိုင်ပါတယ်။