Toner ကို ဘယ်လိုအသုံးပြုမလဲ?

//s9.kh1.co/c2/c2f82d0088cf61d39582d4f6b05b3f8ad8c3992a.jpg
MPT Lifestyle

 ၀၈-သြ-၂၀၂၄ ၄pm · လွန်ခဲ့သော တစ်လ က

Toner ကို ဘယ်လိုအသုံးပြုမလဲ?

Skin Care အဆင့်တွေမှာအတော်လေးအရေးကြီးတယ်လို့သတ်မှတ်နိုင်တဲ့ Toner လိမ်းတဲ့အဆင့်မှာ တော်တော်များများဟာ Cotton Pad သုံးရမလား မသုံးရဘူးလားဆိုတာကိုဝေခွဲမရဖြစ်တတ်ကြပါတယ်။ တစ်ချို့သူတွေဟာ Cotton Pad သုံးခြင်းဟာ အသားအရေကိုကြမ်းတမ်းသွားစေတယ်လို့လည်းပြောကြတာကြောင့် အများစုဟာ အခုလိုမျိုးသုံးသင့်မသုံးသင့်မသေချာကြတော့တာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=564,q=100/f9/f9c614d0a1cad8fb6cb8520049dbb57fa019da63.jpg

Cotton Pad သုံးခြင်းဟာအမှန်တော့ အသားအရေကိုပျက်စီးစေတာမဟုတ်ပါဘူး။ သုံးစွဲပုံနည်းလမ်းမမှန်ကန်မှသာ ပြဿနာဖြစ်စေနိုင်တာဖြစ်ပါတယ်။ တိုနာအရည်ကိုသိပ်မထည့်ဘဲ Cotton pad အခြောက်နှင့်မျက်နှာကိုကြမ်းကြမ်းတမ်းတမ်းပွတ်သပ်တာ တရားလွန်ပွတ်တာမျိုးလုပ်ခြင်းဟာ မျက်နှာအခြေခံအသားအရေအထိပါပျက်စီးသွားစေနိုင်ပါတယ်။ ဒါပေမဲ့ ပုံမှန်နည်းလမ်းနှင့်သုံးရင်တော့ အထူးတလည်မကောင်းမွန်တဲ့အရာမဖြစ်စေပါဘူး။

https://s9.kh1.co/__image/w=564,h=564,q=100/aa/aa4e58e83a2f8a52a7861806880699dbaa6d69c8.jpg

 လက်နှင့်တိုက်ရိုက်လိမ်းခြင်းကလည်း အလားတူကောင်းကျိုးဆိုးကျိုးရှိနေပါတယ်။ လက်နှင့်လိမ်းတာဟာအသားအရေထဲကိုတိုက်ရိုက်ရောက်စေပြီးတော့ အကျိုးရှိစေပါတယ်။ ဒါပေမဲ့ မသုံးခင်မှာလက်သန့်ရှင်းဖို့ကအရေးကြီးပါတယ်။ အမှန်တော့ တိုနာကိုဘာနှင့်ပဲသုံးနေပါစေ နည်းလမ်းမှန်ကန်ပြီးသန့်ရှင်းတယ်ဆိုရင် အသားအရေကိုဘာပြဿနာမှဖြစ်စေမှာမဟုတ်ပါဘူး။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T