Street Style ဆိုတာ ဖက်ရှင်စိတ်ဝင်စားသူတော်တော်များများကြိုးစားကြည့်ကြတဲ့အမျိုးအစားတစ်ခုဖြစ်ပါတယ်။ တစ်ခြားဖက်ရှင်တွေနှင့်မတူညီတာကတော့ Street Style ဟာတစ်မင်တကာလိုက်ဖက်တဲ့အဝတ်တွေကိုဝတ်ဆင်တာမဟုတ်ဘဲ ကိုယ့်ဆီမှာရှိနေပြီးသားအဝတ်တွေကိုမှ ထူးထူးခြားခြားနှင့် မျက်စိပဒေသာဖြစ်အောင်ဖန်တီးဝတ်ဆင်တာမျိုးဖြစ်ပါတယ်။
ပုံမှန်ဖက်ရှင်အယူအဆတွေကိုကျော်လွန်ပြီးတော့ အရောင်မှိုင်းနှင့်အရောင်တောက်တွဲဝတ်တာလိုမျိုး လူမြင်ကွင်းမှာဝတ်လေ့သိပ်မရှိကြတဲ့ ခါးပတ်ပြားကြီးတွေ လက်ဝတ်ရတနာတွေကိုထည့်သွင်းဝတ်ဆင်ကြတာမျိုးကလည်း Street Style ပုံစံတွေပဲဖြစ်ပါတယ်။ ဒီလိုဝတ်ဆင်နိုင်ဖို့ဆိုရင် ကိုယ့်ရဲ့ဖက်ရှင်ထူးခြားမှုကိုလူတွေဝိုင်းကြည့်တာမျိုးခံနိုင်ဖို့လိုအပ်တဲ့အပြင် ယုံကြည်ချက်ရှိနေဖို့လည်းလိုအပ်သေးတာဖြစ်ပါတယ်။










