ပေါင်မုန့်ကြက်ဥလိပ် လုပ်စားမယ်

//s9.kh1.co/d1/d18c5042786fd798a66fc40961423ca4b9662bb3.jpg
MPT Lifestyle

 ၃၁-လိုင်-၂၀၂၄ ၁၁am · လွန်ခဲ့သော ၄ လ က

ပေါင်မုန့်ကြက်ဥလိပ် လုပ်စားမယ်

ပါဝင်ပစ္စည်းတွေကတော့
ပေါင်မုန့် ၆ချပ်ကြက်ဥ ၃လုံးကြက်သွန်မိတ် ၄ပင်ကြက်အူချောင်း ၃ချောင်းရေညှိ ၂ချပ်မုန်လာဥနီ ၁လုံးဆားသကြားငရုတ်ကောင်းSauceMayonnaise
ကြက်အူချောင်းကို ၂မိနစ်ခန့်ကြော်ထားပါ။ကြက်သွန်မိတ်ကို ပါးပါးလှီး မုန်လာဥနီကို ခြစ်ထားပါ။ကြက်ဥကို ခလောက်ပြီး ကြက်သွန်မိတ် ဥနီ ဆား သကြားငရုတ်ကောင်း ထည့်မွှေထားပါ။ပေါင်မုန့်ကို ဒလိမ့်တုံး(သို့)ပုလင်းနှင့်ပြားအောင်လှိမ့်ထားပါ။ပေါင်မုန့် ၃ချပ်ကို ကြက်ဥထဲအပြားလိုက်နှစ်ပြီး ဆီအနည်းငယ်နှင့်ကြော်ထားပါ။ပေါင်မုန့်လိပ်လုပ်ရန်   ပေါင်မုန့်အဖြူကိုခင်းပါ။ရေညှိရွက်ကို ပေါင်မုန့်အရွယ်ညှပ်ပြီးခင်းပါ။ကြော်ထားတဲ့ပေါင်မုန့်ခင်းပါ။ပြီးရင်တော့ ကြက်အူချောင်းထည့်ပြီးလိပ်ပါ။ပေါင်မုန်လိပ်အဆုံးကို လက်မလေးနဲ့ဖိကပ်ပါ။မရရင်တော့ သွားကြားထိုးတံနဲ့ထိုးပါ။ကြက်ဥထဲနှစ်ပြီးထောပတ်နဲ့ဆီ အနည်းငယ်ထည့်ထားတဲ့အိုးထဲသို့ထည့်ပြီးမီးအနေတော်နှင့်ကြော်ပါ။ကြိုက်နှစ်သက်ရာ mayonnaise တို့နှင့်စားသုံးနိုင်ပါတယ်။

https://s9.kh1.co/__image/w=600,h=600,q=100/60/60891c572e62cb8b9f49da71a64bca6b29132cc1.jpg
https://s9.kh1.co/__image/w=600,h=600,q=100/7b/7b291cb029af67ad59f44a470db17d2dde7c4a1d.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T