ကချင်လူမျိုးတွေရဲ့ ရိုးရာဝတ်စုံတွေဟာ အရင်ကတည်းကနာမည်ကြီးကြတာဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့တိုင်းရင်းသားဝတ်စုံတွေဟာ ထူးခြားတဲ့အဆင်အသွေးတွေအပြင် လှပတဲ့အကွက်တွေ ပုံစံတွေကြောင့်နာမည်ကြီးကြပါတယ်။ ကချင် ကယား ချင်း ရခိုင် အစရှိတဲ့တိုင်းရင်းသားလူမျိုးစုအသီးသီးရဲ့ ရိုးရာဝတ်စုံတွေဟာ တန်ဖိုးကြီးမားသလို ဈေးနှုန်းအားဖြင့်လည်းမြင့်မားကြပါတယ်။
ကချင်တွေရဲ့ရိုးရာအကွက်နှင့်ပုံဖော်ထားတဲ့ထမိန်တွေဟာ အမျိုးသမီးတော်တော်များများ သဘောကျကြတဲ့အထည်တွေဖြစ်ပါတယ် အထူးသဖြင့် ကချင်ထည်တွေဟာ အသားကောင်းမွန်ပြီး ပုံဖော်တာလှတာကြောင့် လူကြိုက်များတာဖြစ်ပါတယ်။ ဒါ့အပြင် အသက်အရွယ်မရွေးဝတ်ဆင်နိုင်ပြီး လိုက်ဖက်တာကလည်း ကချင်ထမိန်တွေရဲ့အားသာချက်ဖြစ်ပါတယ်။
ဒီလိုရေပန်းစားမှုကြောင့် ကချင်ထည်တွေဟာ ဈေးကွက်မှာအတော်လေး တန်ကြေးမြင့်မားကြပါတယ်။ ရိုးရိုးသာမာန်အထည်တောင်မှ တစ်သောင်းဝန်းကျင်လောက်ကနေရှိပြီး လက်ယက်နဲ့သေချာအကွက်ဖော်ထားတဲ့အထည်တွေကတော့ သိန်းဆယ်ဂဏန်းကျော်ရှိနေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့တိုင်းရင်းသားလူမျိုးစုတစ်ခုဖြစ်တဲ့ ကချင်တွေရဲ့ တန်ဖိုးကြီးရိုးရာဝတ်စုံများ
MPT Lifestyle
၃၁-လိုင်-၂၀၂၄ ၁၀am · လွန်ခဲ့သော တစ်လ က
မြန်မာနိုင်ငံရဲ့တိုင်းရင်းသားလူမျိုးစုတစ်ခုဖြစ်တဲ့ ကချင်တွေရဲ့ တန်ဖိုးကြီးရိုးရာဝတ်စုံများ