ဆက်ဆံရေးတစ်ခုကိုပေါ့ပေါ့တန်တန်ထားတတ်တဲ့သူတွေရဲ့အကျင့်များ

//s9.kh1.co/a9/a954ec7ab2a57b8f8281f0f5d3fe60f0b8e3e458.jpg
MPT Lifestyle

 ၁၇-လိုင်-၂၀၂၄ ၁pm · လွန်ခဲ့သော ၂ လ က

ဆက်ဆံရေးတစ်ခုကိုပေါ့ပေါ့တန်တန်ထားတတ်တဲ့သူတွေရဲ့အကျင့်များ

ဆက်ဆံရေးတစ်ခုကိုပေါ့ပေါ့တန်တန်သဘောထားတတ်ကြသူတွေဟာ သူတို့ရဲ့အကျင့်တွေကနေတစ်ဆင့် သိသာနေတဲ့အပြုအမူတွေကိုမြင်တွေ့နိုင်ပါတယ်။ သူတို့ဟာ သင်နှင့်ရှေ့ဆက်ရမဲ့ဘဝကိုတွေးခေါ်ဖူးတာမျိုးမရှိသလို နောင်အနာဂတ်အတွက်အစီအစဥ်တွေကိုလည်းစဥ်းစားလေ့မရှိကြပါဘူး။ သူတို့ရဲ့အနာဂတ်ဘဝအစီအစဥ်တွေမှာတော့ သင်ပါဝင်နေခြင်းမရှိပါဘူး။

https://s9.kh1.co/__image/w=650,h=650,q=100/c2/c2721736cbcc9e80a0b19f99492af04501c28de7.jpg

အမြဲတမ်းလိင်မှုကိစ္စနှင့် အပျော်အပါးတွေလောက်ကိုပဲအရေးတယူလုပ်နေတာဖြစ်ပါတယ်။ သင့်ရဲ့ဆန္ဒကိုမလေးစားပေးဘဲ သူတို့ဖြစ်ချင်တာကိုအတင်းစေခိုင်းအကြပ်ကိုင်တတ်ကြပါတယ်။ သူ့အနေနှင့်သင့်အပေါ်ချစ်တဲ့စိတ်မရှိတာကြောင့် သင့်ရဲ့လွတ်လပ်ခွင့်နှင့်ပျော်ရွှင်မှုကို ဂရုမစိုက်ဘဲသူလိုချင်တာကိုပဲတွေးတောနေပြီးတော့ အရာရာကိုထိန်းချုပ်ချင်ကြပါတယ်။

https://s9.kh1.co/__image/w=500,h=500,q=100/91/915042694f7a663cfac8aa5e94a7bcc27e766881.jpg

ဒီလိုလူတွေဟာ သင့်အတွက် အချစ်ခံရတယ်ဆိုတဲ့ခံစားချက်ကိုမဖြစ်စေတဲ့အပြင် မွန်းကြပ်ပြီးတော့ လွတ်မြောက်ချင်တယ်ဆိုတဲ့ခံစားချက်တွေကိုပဲဖြစ်လာစေနိုင်ပါတယ်။ ဒါ့အပြင် သင့်ဘဝအတွက်ကောင်းတဲ့အရာဖြစ်နေရင်တောင်မှ သူ့အတွက်အဆင်မပြေရင်ဖျက်စီးပစ်ဖို့ဝန်မလေးဘဲ လုပ်နိုင်တဲ့သူဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T