Soulmate ဆိုတာကိုယ့်ကိုနားအလည်ဆုံးနှင့် အနီးစပ်ဆုံးသူငယ်ချင်း ဒါမှမဟုတ် ချစ်သူကိုဆိုလိုတာဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့အကောင်းဆုံး Soulmate ဟာချစ်သူမဟုတ်ဘဲ မိသားစုဝင်ဖြစ်နေနိုင်သလို သူငယ်ချင်းတစ်ယောက်လည်းဖြစ်နိုင်ပါတယ်။သူတို့ဟာကိုယ့်ကိုသေချာကောင်းကောင်းသိကြတဲ့အပြင် ကိုယ့်ရဲ့ခံစားချက်နှင့်အပြုအမူ အမူအကျင့်အားလုံးကိုလည်း ကောင်းကောင်းလက်ခံပေးနိုင်တဲ့သူတွေဖြစ်ပါတယ်။

Soulmate ဖြစ်သူကိုတွေ့လိုက်ရင် သူ့ရဲ့စကားပြောတာ ပြုမူတာအကုန်လုံးဟာသင်နှင့်ရင်းနှီးနေသလိုဖြစ်နေမဲ့အပြင် သင်ကိုယ်တိုင်လည်း သင်နှင့်သူ့ကြားက ခိုင်မာတဲ့ဆက်နွယ်မှုကိုခံစားမိနိုင်ပါတယ်။ ကိုယ်တိုင်သတိမထားမိပေမဲ့ သူ့အတွက်သင့်ရဲ့အရာအားလုံးကိုပေးနိုင်တယ်လို့တောင် ခံစားစေပြီး သူ့အတွက်အကောင်းဆုံးဆိုတာတွေကိုပဲပေးချင်နေတာမျိုးခံစားနေရမှာပါ။

ပြီးတော့ Soulmate ကို လူတွေဟာသူတို့အလိုအပ်ဆုံးအချိန် ဒါမှမဟုတ် သူတို့ရဲ့အခက်ခဲဆုံးအချိန်တွေမှာတွေ့ကြတာဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့အဆင်မပြေဆုံးအချိန် နှင့်အခက်ခဲဆုံးအချိန်တွေမှာ Soulmate ဟာသင့်ဘေးနားမှာအနီးကပ်ရှိနေနိုင်ပါတယ်။ သင်ကိုယ်တိုင်သတိထားပြီးကြည့်မှသာ တစ်ဘဝလုံးမှာတစ်ခါလောက်တွေ့ဖို့ခက်ခဲတဲ့ Soulmate ကိုတွေ့နိုင်မှာဖြစ်ပါတယ်။