လက်ဝတ်ရတနာကိုသဘောကျတဲ့မိန်းကလေးတွေအနေနှင့် ဒီဇိုင်းလှပြီးဆန်းတာလေးရှာဖို့အခက်တွေ့တတ်ကြပါတယ်။ ပန်းရောင်ကျောက်လေးတွေနှင့်ဖန်တီးထားတဲ့လက်ဝတ်ရတနာကလည်း ဈေးကွက်မှာအတော်လေးရှားပါးတာကြောင့် ကိုယ်လိုချင်တဲ့ဒီဇိုင်းကိုမရတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် ပန်းရောင်ကျောက်နှင့်ဖန်တီးထားတဲ့ လက်စွပ်ဒီဇိုင်းလှလှလေးတွေကိုဖော်ပြပေးသွားပါမယ်။
လက်စွပ်ဒီဇိုင်းကအတော်လေးကြီးမားပေမဲ့ သစ်ရွက်သစ်ခက်တွေကြားက အပန်းရောင်ကျောက်ပုံစံလေးဖြစ်တာကြောင့် အတော်လေးလှတဲ့ဒီဇိုင်းလို့သတ်မှတ်နိုင်ပါတယ်။ ဒါ့အပြင် ကျောက်အဖြူလေးတွေထည့်ထားတာကလည်း လက်စွပ်ကိုပိုပြီးအရောင်တောက်လာစေပါတယ်။
ကျောက်အဖြူလေးတစ်လုံးအပိုထည့်ပြီးတော့ ဖန်တီးထားတဲ့ဒီဒီဇိုင်းဟာလည်း အတော်လေးကိုချစ်စရာကောင်းပြီးလှတဲ့ဒီဇိုင်းဖြစ်ပါတယ်။ ရိုးရှင်းတဲ့အပြင် ကျောက်ဖြူထည့်ထားတာကြောင့်ပန်းရောင်ကိုပိုပြီးတောက်ပသွားစေပါတယ်။