ဒီဂါဝန်ဒီဇိုင်းလေးတွေဟာ အတော်လေးရှုပ်ထွေးတယ်လို့ထင်ရပေမဲ့ တော်တော်လေးလည်းလှတဲ့ဒီဇိုင်းလေးတွေဖြစ်ပါတယ်။ ပန်းပွင့်အဆင်လေးတွေပါဝင်တာကြောင့် ဝတ်တဲ့သူတွေအတွက် မိန်းကလေးဆန်တဲ့ခံစားချက်အပြင် ချစ်စရာကောင်းတဲ့အသွင်အပြင်ကိုပါဖြစ်စေပါတယ်။



ရိုးရှင်းပြီးတော့ လုံခြုံမှုလည်းရှိတဲ့ဒီလိုဒီဇိုင်းတွေကလည်း မိန်းကလေးအများစုသဘောကျတတ်တဲ့ဒီဇိုင်းတွေပဲဖြစ်ပါတယ်။ ဒီလိုပုံစံတွေဟာ Girly dress တွေဖြစ်တာကြောင့် ဝတ်တဲ့သူကိုအတော်လေးချစ်ဖို့ကောင်းသွားစေပါတယ်။



ဒီလိုဂါဝန်လေးဟာ ကြိုးတွေနှင့်အတော်လေးရှုပ်ထွေးတဲ့ဒီဇိုင်းရှိနေပေမဲ့ မိန်းကလေးတော်တော်များများသဘောမကျဘဲမနေနိုင်လောက်တဲ့ဒီဇိုင်းဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့အပြင် အတော်လေးလှပါတယ်။