အိမ်မှာလွယ်လွယ်ကူကူ လုပ်စားလို့ရတဲ့ Cheese Garlic ပေါင်မုန့် လုပ်နည်းကို လုပ်ဖို့အတွက်တော့ လက်သုံးလုံးလောက် အထူရှိတဲ့ ပေါင်မုန့် ကို ဓားနဲ့ လေးထောင့်ကွက်လေးတွေဖြစ်အောင် လှီးထားပါ

ပြီးရင် ထောပတ်အရည်သုတ်ပါ ထောပတ်အရည်ထဲကိုတော့ ကြက်သွန်ဖြူ အနည်ငယ် သင့်တော်သလောက် နုတ်နုတ်စင်ပြီး ထည့်လိုက်ပါ ပြီးတော့ ပေါင်မုန့်ပေါ်ကိုသုတ်ပေး ပြီးရင် ၁၈၀ ဒီဂရီ ရှိတဲ့ မီးအပူနဲ့ ၁၅ မိနစ်လောက်ဖုတ်ပေးပါ

cheese တပြားကို အရည်ကြိုပါ ပြီးရင်တော့ မီးဖုတ်ထားတဲ့ ပေါင်မုန့်လေးအပေါ်ကို cheese အရည်လေး ဆမ်းပြီး စားလို့ရပါပြီ အရမ်းလွယ်ကူတာမို့ အိမ်မှာလုပ်စားနိုင်ပါတယ်နော်