မိတ်ကပ်နှင့်တစ်ခြားအရာတွေပြုလုပ်ချိန်မှာအသုံးပြုကြတဲ့ ဖော့တွေကို နှစ်လတစ်ကြိမ်အနည်းဆုံးဆေးကြောသန့်ရှင်းပေးဖို့လိုအပ်ပါတယ်။ ဖော့တွေဟာ နေ့စဥ်မျက်နှာနှင့်ထိတွေ့ရတဲ့အရာဖြစ်တာကြောင့် အသန့်ရှင်းဆုံးအခြေအနေကိုလိုအပ်ပါတယ်။ မျက်လုံးနားတစ်ဝိုက်မှာအသုံးပြုတဲ့ မျက်တောင်ကော့တံနှင့်ကော့ဆေးလိုမျိုးကို အန္တာရာယ်ကင်းဖို့အတွက် နှစ်လတစ်ကြိမ်လောက်လှဲလှယ်တာ ဒါမှမဟုတ် သန့်ရှင်းရေးလုပ်ပေးဖို့လိုအပ်ပါတယ်။
ရေချိုးတဲ့အချိန်အသုံးပြုတဲ့ဖော့နှင့်ပစ္စည်းတွေကိုလည်း အနည်းဆုံးတစ်လတစ်ကြိမ်သန့်ရှင်းသင့်ပါတယ်။ ဒါ့အပြင်ရေချိုးခန်းသုံးဖော့တွေကို အသုံးပြုပြီးနောက်အခြောက်ခံဖို့လည်းသတိရသင့်ပါတယ်။ စိုစွတ်နေတဲ့ဖော့တွေဟာ ဘက်တီးရီးယားရောဂါတွေအများကြီးကိုဖြစ်လာစေနိုင်တာကြောင့်ဖြစ်ပါတယ်။ အမွှေးရိတ်ဖို့အသုံးပြုတဲ့ကိရိယာကိုလည်း ငါးကြိမ်လောက်အသုံးပြုပြီးတိုင်းအသစ်တစ်ခုလှဲဖို့သတိထားသင့်ပါတယ်။
မိတ်ကပ်ပစ္စည်းတွေအပါအဝင် နှုတ်ခမ်းနီလိုမျိုးအရာတွေကို သူတို့ရဲ့သတ်မှတ်သက်တမ်းကျော်သွားရင်မသုံးသင့်ပါဘူး။ နှုတ်ခမ်းနီတွေကိုနှစ်ပေါက်အောင်အသုံးပြုခြင်းဟာ ပုံမှန်အားဖြင့်ကောင်းမွန်တဲ့အလေ့အကျင့်မဟုတ်ပါဘူး။၊ တစ်ကယ်လို့သေချာအသုံးပြုချင်တယ်ဆိုရင် စနစ်တကျထိန်းသိမ်းပေးဖို့လိုအပ်ပါတယ်။