ဒီအလေ့အကျင့်တွေဟာသာမာန်လိုမျိုးပဲဖြစ်နေပေမဲ့ အသားအရေကိုလိုတာထက်ပိုပြီးဆိုးရွားသွားစေနိုင်ပါတယ်။ အများစုဟာလူတွေလုပ်နေကျဖြစ်တဲ့အလေ့အကျင့်တွေပဲဖြစ်ပါတယ်။ နေလောင်ကာခရင်မ်ကိုမလိမ်းခြင်းဟာ အသားအရေကိုအမဲစက်တွေ အရေတွန့်တွေလွယ်လွယ်ပေါ်လာစေနိုင်ပါတယ်။

အိပ်ရေးမဝခြင်းကလည်း အသားအရေကိုဆိုးဝါးစေပြီးတော့ ဝက်ခြံလိုမျိုးအသားအရေပြဿနာတွေကိုဖြစ်လာစေပါတယ်။ ပြီးတော့အိပ်ရေးမဝတဲ့နောက်ဆက်တွဲအနေနှင့် အသားအရေခြောက်လာတာမျိုးကိုပါကြုံတွေ့နိုင်ပါတယ်။ ဝက်ခြံတွေကိုလက်နှင့်ညှစ်လိုက်ခြင်းကလည်း အမာရွတ်တွေ နှင့်ချိုင့်ခွက်တွေကိုဖြစ်သွားစေနိုင်ပါတယ်။

နေရောင်ခြည်အောက်ကိုအလွန်အကျွံသွားပြီးနေရောင်ခံလွန်းတာကလည်း အသားအရေကိုလောင်စေရုံတင်မကဘဲ ကျန်းမာရေးနှင့်သက်ဆိုင်တဲ့ပြဿနာတွေကိုပါဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် မျက်နှာပုံမှန်မသစ်ခြင်းကလည်း ကြောက်စရာကောင်းတဲ့အကျိုးဆက်တွေကိုဖြစ်လာစေတတ်ပါတယ်။ ဒိတ်လွန်နေပြီးသား အလှကုန်တွေကိုအသုံးပြုခြင်းကလည်း မသေချာတဲ့အကျိုးဆက်တွေဖြစ်လာစေနိုင်တဲ့အလေ့အကျင့်ဖြစ်ပါတယ်။