တောင်ကိုးရီးယားမိန်းကလေးအများစုရဲ့ Skin Care နည်းလမ်း ၁၀ ဆင့်

//s9.kh1.co/77/779081d4f33dd6fc5d609b285d90688ca68d5903.jpg
MPT Lifestyle

 ၁၅-ဇွန်-၂၀၂၄ ၂pm · လွန်ခဲ့သော ၄ လ က

တောင်ကိုးရီးယားမိန်းကလေးအများစုရဲ့ Skin Care နည်းလမ်း ၁၀ ဆင့်

တောင်ကိုးရီးယားဟာ အလှအပနှင့်Skin Care အတွက်နာမည်ကြီးတဲ့နိုင်ငံဖြစ်ပါတယ်။ နိုင်ငံအတွင်းက မိန်းကလေးအများစုဟာ အသားအရေပြဿနာကိုအတော်လေးအရေးပေးကြပြီးတော့ ဂရုစိုက်ကြပါတယ်။ ပုံမှန်မိန်းကလေးတစ်ယောက်ရဲ့ Skin care လုပ်ခြင်းအဆင့် ၁၀ ဆင့်ကိုဖော်ပြပေးသွားပါမယ်။ 

https://s9.kh1.co/__image/w=650,h=997,q=100/75/75cdf76f2303471bbc7f7d9e47c90a9364c75a75.jpg

အရင်ဆုံး အဆီပါဝင်တဲ့မျက်နှာသစ်ဆေးနှင့်မျက်နှာသစ်ပါတယ်။ မျက်နှာသစ်ပြီးသွားရင်နောက်ထပ် မျက်နှာသစ်တစ်ခုနှင့်ထပ်ပြီးမျက်နှာသစ်လိုက်ပါတယ်။ ဒီလိုနှစ်ဆင့်သစ်ခြင်းဟာ မျက်နှာကိုလုံလောက်အောင်သန့်ရှင်းစေဖို့အတွက်ဖြစ်ပါတယ်။ ပြီးတော့ တိုနာကိုလိမ်းပြီးနောက် အစိုဓာတ်ကိုထိန်းပေးဖို့အတွက်  Essence ကိုအပေါ်ကနေထပ်လိမ်းလိုက်ပါတယ်။ အသားအရည်ကြည်ဖို့အတွက် Emulsion ကိုထပ်လိမ်းလိုက်ပြီးတော့ အပေါ်ကနေ Serum ကိုထပ်လိမ်းလိုက်ပါတယ်။

https://s9.kh1.co/__image/w=563,h=812,q=100/86/86a6b0d9c82e1d91338e9735a787a04931f9bb59.jpg

Serum ပြီးနောက်မှာ အသားအရေအစိုဓာတ်ကိုတစ်နေ့တာလုံးထိန်းထားနိုင်ဖို့ Mask ကပ်ကြလေ့ရှိပါတယ်။ Mask ပြန်ခွာပြီးနောက်မှာ မျက်လုံးအောက်ဖက်ကအရေအကြောင်းတွေကိုကာကွယ်ဖို့ Eye Cream လိမ်းကြပါတယ်။ ပြီးနောက်မှာတော့ Moisturizer လိမ်းလိုက်ပြီးတော့ အရေးကြီးဆုံးအဆင့်ဖြစ်တဲ့ နေလောင်ကာခရင်မ်ကိုနောက်ဆုံးအနေနှင့်လိမ်းလိုက်ကြတာဖြစ်ပါတယ်။ ဒီအဆင့်တွေအကုန်လုံးဟာ အသားအရေကိုထိန်းသိမ်းတဲ့အဆင့်တွေပဲဖြစ်ပြီးတော့ မိတ်ကပ်လိမ်းခြယ်တာမျိုးမပါဝင်သေးပါဘူး။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T