Rainy Day တွေအတွက်ရိုးရှင်းပြီးဖက်ရှင်ကျတဲ့ Outfit Idea များ

//s9.kh1.co/21/21c4203e53a0a6c39698a0ea2d4f94aefaa5fb9d.jpg
MPT Lifestyle

 ၁၃-ဇွန်-၂၀၂၄ ၂pm · လွန်ခဲ့သော ၂ နှစ် က

Rainy Day တွေအတွက်ရိုးရှင်းပြီးဖက်ရှင်ကျတဲ့ Outfit Idea များ

https://s9.kh1.co/__image/w=650,h=713,q=100/22/22dfa0b95954bb0468abd9f635884bee5a92d350.webp

All Black လို့ဆိုနိုင်မယ့်ဂျက်ကတ်တစ်ထည်နှင့် အသားကပ်ဘောင်းဘီလိုမျိုးကလည်း မိုးရွာတဲ့နေ့တွေမှာအဆင်ပြေတဲ့တွဲစပ်မှုဖြစ်ပါတယ်။ ဖိနပ်ကိုပါ Boot အရှည်စီးလိုက်ရင်အတော်လေးပြည့်စုံတဲ့ဖက်ရှင်ဖြစ်သွားပါတယ်။ 

https://s9.kh1.co/__image/w=650,h=813,q=100/d8/d886bf0e41099e7e09aa2a71582cbc780fb007f9.webp

အပြင်ထွက်ဖို့ထက် မိုးရွာတဲ့နေ့တွေမှာအင်စတာဂရမ်ပုံလေးတွေရိုက်ချင်တယ်ဆိုတဲ့သူတွေအတွက် ဒီလိုသိုးမွှေးအတွဲအစပ် Outfit လေးကလည်းအတော်လေးအဆင်ပြေပါတယ်။ မိုးရာသီအငွေ့အသက်ရပြီးတော့ပုံကောင်းလေးတွေရအောင်ကူညီပေးနိုင်တဲ့ဖက်ရှင်ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=813,q=100/6e/6ef9fded94f43b44d664d0c369400a2aa324229e.webp

မိုးရာသီဖက်ရှင်ဆိုတာထက် ဒီအတွဲအစပ်ဟာအတော်လေးကြည့်ကောင်းအောင်ကူညီပေးနိုင်တဲ့ဖက်ရှင်ပါ။ Top နှင့် Pant ကိုအပြင်ကကုတ်အရှည်နှင့်တွဲဝတ်တာဟာ ရိုးရှင်းသလို ဖက်ရှင်လည်းကျနေတာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=650,q=100/3a/3a7f97acc7002da92f90ba45d77cf2e606e9ac66.webp

မိုးကာအင်္ကျီနှင့် Baggy Jean တွေကိုတွဲဖက်ဝတ်ဆင်ခြင်းကလည်း ဖက်ရှင်ကျစေသလို မိုးအငွေ့အသက်ကိုပါမြင်ယောင်စေတဲ့ဖက်ရှင်ဖြစ်ပါတယ်။ လူငယ်ဆန်တဲ့ခံစားချက်ကိုပေးစွမ်းတဲ့ဒီဖက်ရှင်ဟာခရီးသွားလာရာမှာဝတ်ဆင်သင့်တဲ့ပုံစံလေးဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=813,q=100/55/55a4cb6ce5c837e9d3c798315735f251547695ee.webp

Bucket Hat နှင့် ရိုးရှင်းတဲ့အင်္ကျီကလည်းအတော်လေးခံစားချက်ကောင်းစေတဲ့ဖက်ရှင်အတွဲအစပ်တစ်ခုဖြစ်ပါတယ်။ အပေါ်ပိုင်းကိုအပွဖြစ်ပြီးတော့ ပြောင်ဖြစ်နေတဲ့ Top နှင့် အစင်းကြောင်းပါတဲ့ဘောင်းဘီအပွဝတ်ထားတာဟာ ထူးဆန်းသလိုမျိုးဖြစ်နေပေမဲ့ Hip ဖြစ်ပြီးအတော်လေးဖက်ရှင်ကျနေပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T