တောင်ကိုးရီးယားရဲ့နာမည်ကြီးဒရာမာတွေမှာ ကလေးသရုပ်ဆောင်အဖြစ်ပါဝင်ဖူးတဲ့ ပတ်ဆိုရီဟာ အခုဆိုရင်အတော်လေးအရွယ်ရောက်လာတာဖြစ်ပါတယ်။ Miss Hammurabi Her Private Life Do Do Sol Sol Lah Lah So အစရှိတဲ့နာမည်ကြီးဒရာမာတွေမှာ မင်းသမီးရဲ့ငယ်ဘဝအနေနှင့်ပီပီပြင်ပြင်သရုပ်ဆောင်ခဲ့တဲ့ကလေးလေးဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာတောင်မှ ပါဝင်ခဲ့ဖူးတဲ့သူဖြစ်ပါတယ်။
ပတ်ဆိုရီဟာ လတ်တလောမှာထုတ်လွှင့်နေတဲ့ ဒရာမာ The Atypical Family မှာပါဝင်သရုပ်ဆောင်ထားပြီးတော့ ပရိတ်သတ်တွေကသူ့ရဲ့ကြီးပြင်းမှုကိုအံ့ဩနေကြတာဖြစ်ပါတယ်။ ကလေးလေးအရွယ်ကနေ အခုလိုမျိုးမိန်းမပျိုလေးတစ်ယောက်လိုလှလာတဲ့ ဆိုရီကို ပရိတ်သတ်တွေကအတော်လေးသဘောကျနေပြီးတော့ လက်ရှိဒရာမာထဲကဇာတ်ကောင်ကိုလည်း ပီပြင်အောင်သရုပ်ဆောင်နိုင်တာကြောင့် ချီးကျုးခံနေရပါတယ်။
ဒါ့အပြင် ဒရာမာအတွင်းမှာထည့်ထားတဲ့ ဆိုရီရဲ့ Loveline ကိုလည်း ပရိတ်သတ်တော်တော်များများသဘောကျကြပြီးတော့ အားပေးနေကြတာဖြစ်ပါတယ်။ ဆိုရီနှင့်အတူသရုပ်ဆောင်တဲ့ မင်းသားကလည်း ကလေးသရုပ်ဆောင်ဘဝကတည်းကအတူတွဲသရုပ်ဆောင်ဖူးတဲ့သူဖြစ်ပြီးတော့ အခုချိန်မှာဆိုရီလိုပဲ အတော်လေးကြီးပြင်းလာခဲ့ပြီဖြစ်ပါတယ်။ နှစ်ယောက်သားရဲ့ကြီးပြင်းမှုနှင့် Loveline ဟာပရိတ်သတ်တွေကိုအတော်လေးဆွဲဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။