ပြည်ကြီးငါးကွင်းကြော် ကြွပ်ကြွပ်ရွရွလေး

//s9.kh1.co/5d/5db79084d17c7177a80bddc17f44f0665c938062.jpg
MPT Lifestyle

 ၂၉-မေ-၂၀၂၄ ၁၁am · လွန်ခဲ့သော ၂ နှစ် က

ပြည်ကြီးငါးကွင်းကြော် ကြွပ်ကြွပ်ရွရွလေး

စားသောက်ဆိုင်တွေမှာ ဈေးကြီးပေးစားရတဲ့ ပြည်ကြီးငါးကွင်းကြော်ကို အိမ်မှာပဲ လွယ်လွယ်ကူကူ ချက်စားကြရအောင်။ အဆာပြေပဲ စားမလား ၊ သူငယ်ချင်းတွေနဲ့ သောက်စားတဲ့အခါပဲ စားမလား တကယ့်ကို အရသာရှိတာမို့ တစ်ခါလောက်တော့ လုပ်စားကြည့်ပါနော်။ 
ပြည်ကြီးငါးကွင်းကြော်လေးရဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ 
၁။ ပြည်ကြီးငါး ၂။ ကော် ၊ ဂျုံ ၃။ ဆား ၊ ဟင်းခတ်မှုန့် ၄။ ကြက်ဥ ၅။ ကြက်သွန်နီ တို့ပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/5f/5f9daf7609d8e812a1770a341c07d024e91fe6b7.jpg

ထမဆုံး ပြည်ကြီးငါးလေးကို‌ ရေစင်အောင် ဆေးပြီး အဝိုင်းကွင်း ပုံသဏ္ဍန်လေးတွေ လှီးဖြတ်ထားပါမယ်။ ဇလုံတစ်လုံးကို ယူပြီး ကိုယ်ကြော်မယ့် ပြည်ကြီးငါးနဲ့ သင့်လျော်မယ့် ကော် ၁ ဆ ၊ ဂျုံ ၂ ဆ တို့ကို ထည့်‌လိုက်ပါမယ်။ အသင့် လှီးထားတဲ့ ပြည်ကြီးငါးကွင်းတွေကိုပါ ဇလုံထဲ ထည့်လိုက်ပါမယ်။ ပြီးရင်တော့ ကြက်ဥတစ်လုံး ဖောက်ထည့်ပေးပါမယ်။ ဆား နဲ့ ဟင်းခတ်မှုန့်ကို အချိုးညီညီ ထည့်လိုက်ပါမယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/85/85e07ff9686b6f52887881fa17676a98746830ee.jpg

ကြက်သွန်နီကို ရေဆေးပြီး အကွင်းပုံသဏ္ဍာန်လေး လှီးဖြတ်ပေးပါမယ်။ ဇလုံထဲကို ထည့်ပေးပါမယ်။ ဒါဆိုရင်တော့ အရသာရှိတဲ့ ပြည်ကြီးငါးကွင်းကြော်လေးရဖို့ စတင်ပြီး မွှေလို့ ရပါပြီ။ ပြည်ကြီးငါးနဲ့ ကြက်သွန်နီကွင်းတို့ကို အရသာနှံ့အောင် မွှေပေးထားပါမယ်။ ဒယ်အိုးကို မီးဖွင့်ပြီး ဆီဆူစေပါမယ်။ ဆီဆူလာပြီဆိုရင် အရသာ နယ်ထားတဲ့ ပြည်ကြီးငါးကွင်းလေးတွေကို ထည့်ကြော်လိုက်ပါမယ်။ အညိုရောင် သမ်းတဲ့အထိ အပေါ်အောက် လှန်ပြီး ကြော်ပေးပါမယ်။ အညိုရောင် သမ်းလာပြီဆိုရင်တော့ အရမ်းကိုမှ စားလို့ကောင်းမယ့် ပြည်ကြီးငါးကွင်းကြော် ကြွပ်ကြွပ်ရွရွလေးကို ရရှိသွားပြီပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/ee/ee76203f47a94f34fd7f1f768b9c74832d810983.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T