ငါးဖယ်ကို ထူးထူးဆန်းဆန်း ကြော်စားကြည့်ရအောင်

//s9.kh1.co/72/72f05f5bffdcc94fc758744a80ac5bdf7dc92450.jpg
MPT Lifestyle

 ၀၅-ဇွန်-၂၀၂၄ ၈pm · လွန်ခဲ့သော ၂ လ က

ငါးဖယ်ကို ထူးထူးဆန်းဆန်း ကြော်စားကြည့်ရအောင်

ဆီပြန်ဟင်းတွေ၊ အသုတ်တွေ မစားချင်တော့ဘူးဆိုတဲ့ သူတွေအတွက် လွယ်လွယ်ကူကူ နဲ့ အရသာရှိ ၊ အာဟာရပြည့်ဝတဲ့ ငါးဖယ်‌ကြော်လေး လုပ်စားကြည့်ရအောင် 

ငါးဖယ်ကြော်လေး ရဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ 
၁။ ငါးဖယ် ၂။ ကြက်သွန်မိတ် ၃။ ကြက်သွန်ဖြူ ၊ ဂျင်း ၄။ ဆား ၊ ဟင်းခတ်မှုန့် တို့ပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/a8/a8154a4b22930eabc4d04f68b30c423e2df527c1.jpg

ပထမဆုံး ‌ငါးဖယ်ကို အသားတင်းသွားအောင် ရိုက်လိုက်ပါမယ်။ အသားတင်းသွားပြီဆိုရင်တော့ ပန်းကန်လုံးတစ်လုံးထဲ ထည့်လိုက်ပါမယ်‌။ ကြက်သွန်မိတ် ၊ ကြက်သွန်ဖြူတို့ကို ပါးပါးလှီးပြီး ပန်းကန်လုံးထဲ ထည့်လိုက်ပါမယ်။ ငါးဖယ်နဲ့ အစာပလာတွေကို ရောသမ နယ်လိုက်ပါမယ်။ အရသာ နှံ့သွားအောင် နယ်ပြီးပြီဆိုရင်တော့ ဒယ်အိုးကို မီးဖွင့်ပြီး ဆီပူစေပါမယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/47/47796e1218959e817afc1a852cea31d60e5763de.jpg

ဆီပူပြီဆိုရင်တော့ ဘာမှ ထပ်ထည့်စရာ မလိုဘဲ ငါးဖယ်ကို အလုံး သို့မဟုတ် အပြားလိုက် ပုံသဏ္ဍာန်လေး လုံးပြီး ထည့်ကြော်ပါမယ်။ တစ်ဖက်တည်း တူးမသွားအောင် အပေါ်အောက် လှန်ပေးပါမယ်။ မိနစ် ၂၀ ၊ မိနစ် ၃၀ လောက် ကြော်ပြီးရင်တော့ ပြီးပြည့်စုံတဲ့ ငါးဖယ်ကြော်လေးကို ရရှိသွားပြီပဲ ဖြစ်ပါတယ်။ လွယ်ကူလျင်မြင်စွာ လုပ်နိုင်တဲ့အပြင် အချဉ်လေးနဲ့ပဲ အဆာပြေ စားမလား ၊ ထမင်းနဲ့ တွဲဖက်စားမလား ‌စားလို့ကောင်းမှာမို့ တစ်ခါလောက်တော့ စမ်းကြည့်ကြည့်ပါနော်။ ပူပူနွေးနွေးလေး စားရင် တကယ်ကောင်းတာမို့ နောက်တစ်ခါ ထပ်စားချင်မှာ အသေအချာပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/be/be1586cb2c6079185cd3a376d6c72775564cca30.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T