အရံဟင်းလေးနဲ့ ထမင်းမြိန်အောင် စားကြမယ်

//s9.kh1.co/90/90627106d3242e89dd54c3497383e40d5d0ea9b7.jpg
MPT Lifestyle

 ၀၄-ဇွန်-၂၀၂၄ ၉am · လွန်ခဲ့သော ၂ လ က

အရံဟင်းလေးနဲ့ ထမင်းမြိန်အောင် စားကြမယ်

အသားဟင်း‌ ၊ ငါးဟင်းတွေချည်း စားရတာ ရိုးနေပြီ ၊ မစားချင်တော့ဘူးဆိုတဲ့ သူတွေအတွက် ထမင်းမြိန်စေပြီး လုပ်ရလွယ်တဲ့ မန်ကျည်းသီး ပုစွန်ခြောက် ငံပြာရည်ချက်လေး လုပ်စားကြည့်ရအောင် 
မန်ကျည်းသီး ပုစွန်ခြောက် ငံပြာရည်ချက်လေးရဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ 
၁။ မန်ကျည်းသီးမှည့် ၂။ ပုစွန်ခြောက် ၃။ လေးခြမ်းကွဲ ၊ အရောင်တင်မှုန့် ၄။ ဟင်းခတ်မှုန့် ၅။ မျှင်ငါးပိ ၊ ငံပြာရည်၆။ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ တို့ပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/cc/cc9751f8ec77ea59f94d96515b33dca616064254.jpg

အရင်ဆုံး မန်ကျည်းသီးမှည့်ကို ရေနွေးနဲ့ စိမ်ထားပါမယ်။ မန်ကျည်းသီးအနှစ်ရအောင် အ‌ရည်ညှစ်ထားပါမယ်။ ပုစွန်ခြောက်တွေကို အနည်းငယ် ထောင်းထားပါမယ်။ ကြက်သွန်ဖြူ ၊ ကြက်သွန်နီတို့ကို ပါးပါးလှီးပြီး ရေဆေးထားပါမယ်။ ဒယ်အိုးကို မီးဖွင့်ပြီး ဆီထည့်လိုက်ပါမယ်။ ဆီဆူလာပြီဆိုရင်တော့ ကြက်သွန်ဖြူ ၊ ကြက်သွန်နီကို ဆီသတ်လိုက်ပါမယ်။ အရောင်တင်မှုန့် အနည်းငယ် ထည့်ပါမယ်။ ဆီသတ်ပြီး ကြက်သွန်နံ့လေး သင်းလာပြီဆိုရင်တော့ ‌ပိုပြီး စားလို့ကောင်းသွားအောင် မျှင်ငါးပိ တစ်ဇွန်း ထည့်လိုက်ပါမယ်။ ပုစွန်ခြောက် ထောင်းထားတာတွေပါ ထည့်လိုက်ပါမယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/5f/5f22283372688b86ee84b6e91a97265b95ad6e11.jpg

ပြီးရင်တော့ ငံပြာရည်ချက်ရဲ့ အသက်ဖြစ်တဲ့ ငံပြာရည်ကို ကိုယ်နှစ်သက်သလို ထည့်လိုက်ပါမယ်။ ဟင်းခတ်မှုန့် ထည့်ပါမယ်။ ပြီးရင်တော့ အရသာ နှံ့သွားအောင် မွှေပါမယ်။ အရည်ညှစ်ထားတဲ့ မန်ကျည်းသီးမှည့် အနှစ်ကို ဒယ်အိုးထဲ ထည့်လိုက်ပါမယ်။ မန်ကျည်းသီး နဲ့ ပုစွန်ခြောက်တို့ အရသာနှံ့သွားအောင် မွှေထားပါမယ်။ ၅ မိနစ်လောက် ဒယ်အိုးအဖုံးပိတ်ထားပြီး ရေခမ်းစေပါမယ်။ ပြီးရင်တော့ ပိုပြီး ပြည့်စုံသွားအောင် ခွဲခြမ်းမှုန့်လေး ထည့်ပြီး ရောသမ‌ မွှေပေးပါမယ်။ လေးခြမ်းကွဲမှုန့်ကို အစောပိုင်းကတည်းက ထည့်ပါက တူးပြီး ခြောက်သွား တတ်ပါတယ်။ အရသာ မြည်းကြည့်လို့ အနေတော် သဘောကျတယ်ဆိုရင်တော့ မီးပိတ်ပြီး စားလို့ရပြီပဲ ဖြစ်ပါတယ်။ ထမင်းမြိန်စေပြီး ချဉ်ငံစပ် ကွတ်တိ စားလို့ကောင်းတဲ့ ဟင်းလျာလေးမို့ တစ်ခါလောက်တော့ လုပ်စားကြည့်ပါနော်။ 

https://s9.kh1.co/__image/w=650,h=342,q=100/f7/f7172f4c9d24189701cb1eef14ab27a87729a470.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T